Six- [ ရှင်းရှင်းပြောမယ်....host က... six ရဲ့ type မဟုတ်ဘူး... ဒီနေရာက... host ရဲ့ အတွင်းစိတ် တစ်​​နေရာမှာပါ... six က host ကိုလာခေါ်တာလေ ]

Host- " ငါမင်းကိုဘာပြောသေးလို့လည်း...ယီးယီးလားလားတွေ...နောက်ပြီး...ငါကဘာကိစ္စမင်း​နာက်လိုက်ရမှာလည်း...နတ်ပြည်တတ်ပြီး...နတ်သမီးလေးတွေကို...ဖွန်သွားကြောင်မှာ....ပေါက်တယ်နော်... "

ကျန်ဟောက် အချေခံလိုက်ရတာကြောင့် မျက်နာဟာမဲ့ကျသွားရသည်။ သူ့ရဲ့အရင်ဘဝကမိန်းကလေးတွေ ဝိုင်းဝိုင်းလည်နေခဲ့တာပင်။ ထိုကောင်မလေးများကို အချေကြီးချေပြီး ခုတော့ ရည်းစားတောင်မရသေးဘဲ မသာပေါ်နေပြီလေ။

Six- [ host က...နတ်ပြည်တတ်ရအောင်...သေသွားလို့လား...ခုထိမသိသေးဘူးထင်တယ်...host ကမသေသေးပါဘူး...ဒါပေမယ့်... host က... ရှင်နေတယ်လည်းမဟုတ်ဘူး ]

နတ်ပြည်ရောက်မှာလည်းမဟုတ်ဘဲနဲ့....

Host -" ဘာကိုဆိုလိုတာလဲ "

Six-[ ချန်ကျန်ဟောက်ဟာ... အဆိပ်သောက်ပြီး ...သတ်သေခဲ့တယ်...တကယ်ဆိုသေရမှာပေမယ့်... မိုးနတ်မင်းက... အခွင့်အရေး တစ်ကြိမ်ပေးခဲ့တယ်... ဒါကြောင့်... hostက သေဘူး... မျောရုံပဲမျောနေတာပါ... host ပြန်အသက်ရှင်ချင်ရင်တော့... ဒီကပေးအပ်တဲ့... missionတွေကို... ပြီးမြောက်အောင်လုပ်ရပါမယ် ...မောတာhostရယ် ]

သူ့ဘာသူပြောပြီးမောလို့တဲ့... ဒီလိုစောက်ရူး system
တွေ... လည်းရှိတယ်လား

Host-" ငါသေတာကိုသိပေမယ့်...ဘယ်လိုသေမှန်း...စဥ်းစားမရဘူး...နောက်ပြီး... ငါကဘာလို့သတ်သေရမှာလည်း... ပျော်လို့တောင်မဝသေးတာကို... ပြီးတော့ မိန်းမတောင်မရသေးဘူး "

Six- [host မမှတ်မိဘူးလား... ဒါဆိုတာဝန်ပြီးအောင်လုပ်လေ]

Host- " တာဝန်ပြီးအောင်လုပ်ရင်
...ပြန်လို့ရမှာလား "

Six-[ host ကိုပြောပြီးသားလေ...ဘာလို့လာမေးနေတာလဲ... မဖြေဘူး ]

Host- " ဒါဆိုခုဘယ်သွားရမှာလဲ"

ပြန်ပြောလိုက်တော့... ဘာဖြစ်မှာမို့လဲ... သက်သက်မဲ့ဖဲ့တာ ...စောက် system

Six- [ မိုးနတ်မင်းဆီ...နောက်ကလိုက်ခဲ့ပါ host ]

ကျန်ဟောက် မိုးနတ်မင်း
ရဲ့ အဆောင်တော်ကိုရောက်တော့ မိုးနတ်မင်းရဲ့အဆောင်တော်က ရွှေရောင်
တွေနဲ့ တလက်လက်ထနေတာကြောင့် မျက်လုံးကျိမ်းလာရသည်။

ဘာတုံးဟ... အဆောင်က...ဒီလောက်တင့်တယ်စရာ...လိုလို့လား... မိုးနတ်မင်းက ...အဲ့လောက် ချမ်းသာတာ... ဘယ်ကနေ ...လာဘ်စားထားလဲမသိဘူး... နတ်ပြည်မှာ...ဒီလိုတွေရှိမယ်လို့... မထင်မိဘူး

မိုးနတ်မင်း- " လာဘ်မစားပါဘူးကွာ... အရင် မိုးနတ်မင်းတွေ တုန်းကတည်းက... ရှိနေတာပါကွ"

Host- "မိုးနတ်မင်းက... ကျွန်တော်တွေးနေတာကို...သိနေတာလား... အဲ့ဆို system ကရော...ကြားရတာလား "

မိုးနတ်မင်း- " system ကတော့...မကြားရဘူး... six မင်းသေချာမရှင်းပြထားဘူးလား "

ရှင်းပြထားပါတယ်... host ကခေါင်းမကောင်းလို့... မမှတ်မိတာ

Six-[ six ရဲ့... နာမည်က one o six ]

Host- "ဟမ်...ဘာလိုနာမည်ကြီးတုန်း"

Six-[ six ရဲ့ ဘိုးဘေး systemတွေက... အဲ့လိုမှည့်ခဲ့ကြတာ... ပထမဆုံးsystemဖြစ်လာတဲ့... သူကို one လို့ခေါ်ပြီး... နောက်system တွေကိုလည်း ...အစဥ်လိုက်ဘဲမှည့်ခဲ့တာ]

Host- " ဒါဆို...ငါမင်းကို...နာမည်မှည့်ပေးမယ်လေ "

ဘယ်လိုနာမည်တွေတုန်း... မိုးပေါ်က... လူတွေက... အဲ့လောက် တုံးမယ်လို့ မထင်မိဘူး

Six- [ တကယ်လား host.... မှည့်ပေး.. ]

Six ပျော်မြူးစွာပင် လက်ခံလိုက်သည်။

Host- " အန်....လောင်ဖောဆိုရင်ရော....အင်း...လှလိုက်တဲ့နာမည်လေး...လောင်ဖောလေးက...ချစ်စရာလေး... "

Six- [ host!!!! ]

ငါခု...အီခံနေရတာလား...

Host- " စတာပါကွ...six ကလည်း...ကိုယ်လူ့ဘဝတုန်းက...ဘယ်မိန်းကလေးကိုမှ...အဲ့လိုမခေါ်ဖူးခဲ့လို့....ခေါ်ကြည့်တာပါ... "

Six- [ ဟင်း...ထားလိုက်တော့....six လို့ပဲခေါ်... six က... host နဲ့တူတူမွေးဖွားလာတာ...system တစ်ခုက... မိုးနတ်မင်း ရွေးချယ်လိုက်တဲ့သူ ...သေသွားတာနဲ့... သူhostရဲ့စိတ်တွင်းမှာ... မွေးဖွားလာတယ်...သူ့ရဲ့ host က...mission အကုန်အောင်သွားတာနဲ့... အဲဒီ host ရဲ့ system ကလည်း... လူပြန်ဝင်စားလိမ့်မယ် ]

Six သူ့host ကိုသာ မှည့်ခိုင်းရင် ပေါက်တတ်ကရ နာမည်တွေသာ ထွက်လာမှာ ဖြစ်တာကြောင့် မူရင်းနာမည်ပဲ ခေါ်ခိုင်းလိုက်တော့သည်။ six မှာ နာမည်လေးလိုချင်မိပေမယ့် သူ့ရဲ့သေနာ host ကစိတ်မှမမှန်ပဲ။

......
......

Host- ဒါဆိုငါက... six ရဲ့
အဖေပေါ့နော်

six- host က... six ရဲ့အမေပါ

Host- .....

writer - .....

system one o six(106) S -1 ( Z &U )Where stories live. Discover now