"ခ! မင်း!"
တုန့်ပြန်မှုပြန်မပေးဘဲ တစ်ထည်တည်းကျန်တော့သည့် စွပ်ကျယ်အဖြူလေးကို ဖယ်ခွာလိုက်သည့်အခါမှာတော့ ဒီတစ်ခါ မျက်လုံးပြူးရသူက စိုင်းနောင်။
အပေါ်ပိုင်း ဗလာကျင်းသော ယောကျာ်းတစ်ယောက်၏ ခန္ဓာသည် မိမိ၏ မျက်စိရှေ့ဝယ်။ ကျန်းမာရေးလိုက်စားသည့် သူမို့ထင်။ အဆီအပိုမရှိဘဲ ချပ်ကပ်ရပ်လျက်။
"ကျွန်တော့်ကိုကြည့်"
ဘာကိုဖော်ထုတ်ဖို့ ရည်ရွယ်သနည်း။ ခါးကို ကိုင်းလျက် ဒူးညွှတ်လာပြီး မျက်လုံးကိုစေ့စေ့ကြည့်တော့ ခြေမကိုင်မိလက်မကိုင်မိဖြစ်ရသည်။ ရင်ခုန်နေသည်။ ယောကျာ်းလေးချင်းအတူတူ ၊ တသွေမလွဲ ခန္ဓာကိုယ်ချင်းအတူတူကို ဒီကောင်လေးကိုမြင်မှ ပထမဉိီးဆုံး စချစ်ဖူးတဲ့ ခံစားချက်လိုမျိုး အသစ်တဖန်မွေးဖွားနေတဲ့ စိတ်တွေ။
"shit!"
အနီးကပ်ဆုံး ဖြစ်လာသည့် အခြေအနေမှာတော့ သတိလွတ်စွာ ဆဲရေးမိ၍ မထားအပ်သင့်တဲ့စိတ်တွေ မနိုးကြွဖို့ မျက်နှာကိုလွှဲမိသည်။
"ကိုကို"
သမာဓိကို မထိတထိလာစမ်းလွန်းသည်။ ခပ်တိုးတိုးခေါ်သံက နားနားဖြတ်စီးသွားချိန်မှာ စိုင်းနောင်ရဲ့ လက်တို့က တင်းတင်းဆုပ်ထားမှုကြောင့် အကြောများပင် ပေါ်လို့။
"အဟွန်း ကျွန်တော့်ကိုယ်ကိုသေချာကြည့်ကြည့်၊ ကိုကိုရှာနေတဲ့ ဆေးထိုးအပ်ရာတွေ့သလားလို့"
ပေါ့ပေါ့ပါးပါးအသံနှင့် ပြောလာတာမို့ ရဲဆေးတင်းကာ ထိုအသားစိုင်တို့ပေါ် မျက်လုံးတဖန်ပြန်ရွှေ့မိသည်။ အကြည့်ရခက်ခဲ့တဲ့ နေရာတို့ကို ကျောလှည့်၊ ရှေ့လှည့်ကြည့်နေမိသည်မှာ စိုးရိမ်ပူပင်ခဲ့သည့် စိတ်အဟုန်ကြောင့်သာ။
"မဟုတ်ဘူးဘဲ...တော်သေးတယ်...တကယ်တော်သေးလို့"
အခုမှစိတ်သက်သာရာရတဲ့ လူတစ်ယောက်လို စိုင်းနောင် တတွတ်တွတ်ရွတ်တော့ ရတုက ရယ်သည်။ ပြီးတော့ ပြန့်ကျဲနေတဲ့ သူ့အင်္ကျီတို့ကို ကောက်ယူကာ ဖုတ်ဖတ်ခါ၍ ဝတ်၏။ လက်ရှည်ကိုတော့ မဝတ်။
![](https://img.wattpad.com/cover/263991703-288-k969756.jpg)
Chapter 26
Start from the beginning