"......."

ရိပေါ်ကဘာမှမပြောပဲဝတ်ရုံလက်အနားစကိုသာပွတ်ဆွဲရင်းဆော့နေတယ်...
ရှောင်ကျန့်နဲ့တွေ့မှသူလဲကလေးလိုလိုဖစ်ရသည်...ကျန့်ကောကသူ့ကိုအလိုအရမ်းလိုက်သည်လေ....

"ကိုနဲ့တူတူနေရင်အကုန်လုံးကို ကိုကလိုက်လုပ်ပေးမှာအဲ့ခါကျခုလောက်ရိပေါ်တော်လာမှာမဟုတ်ဘူး...."

"ကျနော့်ကိုကယ်ပေးခဲ့လိုကျေးဇူးတင်ပါတယ်ကျန့်ကော..."

"အခုကိုကဒီကလေးလေးကိုစောင့်စရာလဲမလိုတော့ဘူးဆိုတော့ပြန်သိမ်းဖို့လန်ဆရာကြီးဆီကခွင့်တောင်းရတော့မှာပေါ့...."

"ပိုင်စိုးပိုင်နင်းတွေပြောနေတယ်...ကျနော်ကလိုက်မယ်ပြောမိလို့လား...."

ခေါင်းကိုအတင်းငုံ့ရင်းဝတ်ရုံစကို​ေဆာ့နေတဲ့ကလေးကိုရှောင်ကျန့်ကြည့်ရင်းရယ်လိုက်သည်....
သူနဲ့မှကလေးဆန်ပြတဲ့ရိပေါ်လေးကိုသူချစ်လိုက်ရတာ....

"ကို့ကောင်လေးလုပ်ပါလားရိပေါ်...ကိုမင်းကိုချစ်တယ်မြတ်နိုးတယ်ငယ်ငယ်ထဲကအရိပ်တကြည့်ကြည့်နဲ့အဝေးကနေပျိုးထောင်ပေးလာရတဲ့ပန်းလေးမို့လောဘကြီးသလိုဖြစ်နေပေမဲ့ကိုပဲခူးဆွတ်ချင်တယ်..."

"ကျန့်ကော..."

ရုတ်တရက်ကြီးသူ့ဘေးကိုကပ်လာတဲ့ရှောင်ကျန့်ကြောင့်ရိပေါ်ဘေးကိုအမြန်ဆူတ်လိုက်သည်...သူကအချစ်နဲ့တခါမှမထိတွေ့ဘူးတဲ့အရိုင်းပန်းလေးမဟုတ်လား...

"ကိုမင်းကိုချစ်တယ်..."

"ကျနော်...ကျနော်ငြင်းပါရစေကော..အခုအဲ့တာတွေမစဥ်းစားချင်သေးဘူးခုချိန်မှာတော့လက်မခံနိုင်သေးတာပဲသိတယ်...."

သိသိသာသာပျက်ယွင်းသွားတဲ့ရှောင်ကျန့်မျက်နာကိုကြည့်ရင်းရိပေါ်နောင်တရမိသလိုဖြစ်လာပေမဲ့တကယ်ကိုသူ့စိတ်ထဲလက်ခံဖို့မဖစ်နိုင်သေးတာကြောင့်အသာနှုတ်ဆိတ်နေလိုက်တယ်.....

"ပြန်ကြမယ်ရိပေါ်..."

ကြောင်တောင်တောင်လေးမော့ကြည့်နေတဲ့ရိပေါ်ကိုရှောင်ကျန့်ကနားလည်မှုအပြည့်ရှိတဲ့မျက်ဝန်းတွေနဲ့လှည့်ကြည့်ရင်းလက်ကမ်းပေးတယ်....

" မင်းမကြိုက်ရင်ကိုအတင်းမတိုက်တွန်းပါဘူး..."

ထပ်ပြီးတောင်းဆိုလာမယ်ထင်ခဲ့ပေမဲ့တိတ်တဆိတ်ပဲဆိုလာတာကြောင့်ရိပေါ်အံသြတကြီးမော့ကြည့်လိုက်မိတယ်....

........................

လန်အိမ်တော်ကိုပြန်ရောက်ပြီးချိန်ထဲကရှောင်ကျန့်နဲ့သူမတွေ့ဖစ်တာအတော်ကြာခဲ့ပြီ....တလလောက်တောထဲအတူနေခဲ့တာရောဖွင့်ပြောခံထားရတာရောကြောင့်သူ့ကိုသတိတရဖစ်နေမိတာတော့အမှန်ပဲ....

"ဝမ်သခင်လေး...ရှောင်းသခင်လေးရောက်နေလို့ဆရာကြီးကခေါ်ခိုင်းလိုက်ပါတယ်..."

"ဟင်.."

အရင်လိုဝတ်ရုံလေးမပြီးဖွဖွလျှောက်တတ်တဲ့ကောင်လေးကဒီနေ့တော့ဝတ်ရုံလေးဆွဲကာအပြေးတပိုင်းထွက်လာခဲ့တော့တယ်....

"ဒါဆိုမင်္ဂလာပွဲကိုလာခဲ့ပါဦး...ကျနော်လဲစီစဥ်စရာလေးတွေရှိလို့ပြန်လိုက်ပါဦးမယ်..."

"ကျန့်ကော..."

သူရောက်ရုံရှိသေးပြန်မယ်ဆိုပြီးထနေတဲ့ရှောင်ကျန့်ကြောင့်ရိပေါ်အမောတကောနဲ့ခေါ်လိုက်တယ်.....

"အော်ရိပေါ်လဲမင်္ဂလာပွဲကိုလာခဲ့ပါ..."

"ဘယ်သူ့မင်္ဂလာပွဲလဲ..."

" ရှောင်းသခင်လေးရဲ့မင်္ဂလာပွဲလေ..."

"ဗျာ..."

ဆရာကြီးရဲ့စကားအဆုံးရိပေါ်စားပွဲခုံအစွန်းကိုခပ်တင်းတင်းဆုပ်ကိုင်လိုက်မိတယ်.....
ရှောင်ကျန့်ကတော့ဘာမှမဖြစ်သလိုအပြုံးချိုချိုလေးပေးရင်းသာနှုတ်ဆက်လို့ပြန်သွားရှာပြီ.....

ရိပေါ်လဲဆရာခေါ်တဲ့အကြောင်းအရင်းတောင်မပေးပဲဟန်မဆောင်နိုင်ဖြစ်ကာအဆောင်ကိုပြန်လာခဲ့ရတော့တယ်...

"ပြောတော့ဖြင့်ငယ်ငယ်ထဲကအရိပ်တကြည့်ကြည့်ချစ်ခဲ့ရတာပါဆိုပြီးခုတော့မင်္ဂလာတောင်ဆောင်တော့မယ်ပေါ့ကျန့်ကော..."

ရိပေါ်ကနဂိုထဲကရင့်ကျက်သူပြီပြီစိတ်ကိုသေချာပြန်ထိန်းရင်းတွေးတောနေခဲ့တယ်.....

"ကောပြောခဲ့တဲ့စကားတွေကအပိုတွေဖစ်နေတယ်ဆိုလဲအမှတ်မထားတော့ပါဘူး..ပျော်သလိုသာနေပါတော့ကျနော်ကတော့ခုမှစချစ်မိတဲ့သူမို့မေ့ပစ်ဖို့ကကြာဦးမယ်ထင်ပါရဲ့..."

မှော်ဆန်သော(completed)Where stories live. Discover now