ကောင်လေးအား မေ့သွားစေဖို့ သေရည်ကို နောက်တစ်ကျိုက်ထပ်မော့ခါမှ မနေ့ညက အဖြစ်အပျက်တွေအကုန်လုံးက ခေါင်းထဲသို့ အစီအရီဝင်ရောက်လာသည်။

လရောင်မျှင်းမျှင်းလေးအောက်မှာ
သေလောက်အောင် လှနေတဲ့ ကိုယ်ထည်လေး..၊

ခေါင်းဆောင်မင်ဆိုပြီး မပီမသညည်းညူနေတဲ့ နှုတ်ခမ်းဖူးဖူးလေး...၊

သူ့ရင်ဘတ်ကို ဖြည်းညှင်းစွာ အဆက်မပြတ်ထုနှက်နေတဲ့
လက်ပုစိလေးတွေ...၊

ချီးပဲ ။ တွေးရင်း ရူးတော့မှာ လူက။

ကိုယ့်ကိုယ်ကို အားရပါးရ ကျိန်ဆဲနေတုန်း အပြင်ဘက်မှ တံခါးအား အဆက်မပြတ်ထုနေသံကို
ကြားလိုက်ရသည်။

အိမ်အောက်ထပ်သို့ အလျင်အမြန်လျှောက်သွားပြီး တံခါးဖွင့်လိုက်တော့ မြင်လိုက်ရသည်က ဂျောင်ကု။

''ကျွန်တော်တို့ ဆယ်ဂျူကို ပြန်တော့မလို့ ။ အဲ့တာ အကို့ကို လာပြောတာ''

''ဘာ! ပြန်တော့မယ်ဟုတ်လား ။ မနက်အစောကြီးပဲ ရှိသေးတယ်လေ''

''ဆယ်ဂျူမှာ ဖြစ်နေတဲ့ကိစ္စတွေကို အကို မသိပါဘူး။မြန်မြန်ပြန်မှဖြစ်မှာ''

ယွန်းဂီတော်တော်ပင် အကျပ်ရိုက်သွားသည်။ အိမ်အပြင်ကိုလှမ်းကြည့်တော့ ခပ်သေးသေးကျောပြင်လေးက
မနိုင်တဲ့ဝန်စည်တွေကို အတင်းပင် မြင်းလှည်းပေါ်ကို တင်လို့။

''အကို ဒီတစ်ခေါက် ကျွန်တော့်ဆီက ဘာမှမလိုချင်တာ သေချာလား''

ဂျောင်ကုအမေးကို
ယွန်းဂီ တော်တော်နှင့်မဖြေနိုင်။

''လိုချင်တာမရှိရင် သွားတော့မယ် ။ အလကားနေ ခရီးဖင့်တယ်''

''နေဦးကွ ! ငါလိုချင်တာ ရှိတယ်ဟ''

''ဘာလည်း မြန်မြန်ပြော''

ဝန်စည်တွေကို မနိုင်မနင်း
သယ်ချနေသည့် ကောင်လေးကို
လက်ညိုးထိုးပြပြီး..

''အဲ့တစ်ယောက်ကို လိုချင်တယ်''

မထင်မှတ်ထားသည့် တောင်းဆိုချက်ကြောင့် ဂျောင်ကု နည်းနည်းတော့ မျက်ခုံးပင့်သွားမိသည်။

Blue Side ( Completed )Where stories live. Discover now