သူမ၏အခန်း၌ ဧည့်သည်ကိုထားဖို့စီစဉ်လိုက်ကာ သူမကတော့ ဒီဘက်အခန်းမှာပဲ ခဏလောက်ရွှေ့နေလိုက္မည်။
ပြီးမှ ဧည့်သည်ပြန်သည့်အချိန်တွင် အေးအေးဆေးဆေးပြန်ပြောင်းလိုက်ရုံပင်...။
-----------------------***************------------------------
ပြင်ဦးလွင်၏ အေးမြမြနံနက်ခင်းတွေကို သဘောကျလေသောသူသည် နံနက်ခင်းအစောပိုင်းကိုပဲ တက်သွားရန်ဆုံးဖြတ်ကာ သူ့လက်ထောက်အား စောစောသွားရန်အတွက်ကို ညပိုင်းကတည်းက ကြိုပြောထားလိုက်သည်။
နံနက်ငါးနာရီလောက်ကို ထသွားရမည်မို့ စောစောအိပ်ရမည်ဆိုသော်လည်း ညစာစားပွဲကနေပြန်ရောက်၍ ရေချိုးပြီးချိန်တွင် သူက iPad ကိုကောက်ကိုင်ကာ လိုင်းပေါ်တက်လိုက်သည်။
အကြောင်းကတော့ Your Dream ကိုရှာဖို့ပင်။
Popular ဖြစ်နေသည့် Page တစ်ခုဖြစ်သောကြောင့် အလွယ်တကူပင် ရှာတွေ့လေသည်။သို့နှင့် သူဝင်ကြည့်လိုက်သောအခါတွင် Page Like က 3M ကျော်မို့ မျက်ခုံးတစ်ချက်ပင့်သွားမိရင်းမှ စိတ်ဝင်တစားပင် ဆက်ကြည့်မိသည်။တင်ထားသမျှ ပို့စ်တွေ၊ပုံတွေ၊ video တွေက တစ်ခုမှပေါ့သေးသေးမဟုတ်ဘဲ တစ်ချက်ကြည့်လိုက်သည်နှင့် Professional ကျကျ သေချာအာရုံစိုက်ထားမှန်း သိသာနေသည်။အထူးသဖြင့် ထိထိမိမိနှင့် လိုရင်းတိုရှင်း စိတ်ဝင်စားဖွယ်ရာရေးသားထားသည့် အမိုက်စားပို့စ်များ၏ အရေးအသားတွေက လူထုထောက်ခံမှုအပြည့်အဝနှင့်ပင်။ထို့နောက် Review တွေကိုဝင်ကြည့်လိုက်လျှင် သူကြည့်နေသမျှတော့ အဆိုးတစ်ချက္မတွေ့ရဘဲ လူငယ်ပရိသတ်တွေ၏ ကောင်းမွန်သောမှတ်ချက္များကိုသာ အများအပြားတွေ့ရလေသည်။ထိုသို့ဖြင့် အချိန်အနည်းငယ်ကြာသည်အထိ တောက်လျှောက်ကြည့်လာသော်လည်း ဧည့်သည်များ၏ပုံတွေကိုသာတွေ့ရပြီး ပိုင်ရှင်၏ပုံကတော့ အောက်ရောက်သည်အထိမတွေ့ရသေးပေ။
စိတ်ရှည်ရှည်ဖြင့် အောက်ကိုတော်တော်ဆင်းကြည့်မှ သူတို့၏ Organic ခြံကို မိတ်ဆက်ပေးထားသည့်ပို့စ်တွင် သူမ၏ပုံကိုတွေ့လိုက်ရသည်။ပုံထဲ၌ စိုက်ခင်းဘေးတွင် ခြင်းတစ်လုံးကိုင်ကာ အရွက်တွေခူးနေပုံရသည့်သူမက ခြေမျက်စိပေါ်သည့် မိုးပြာရောင် skinny ဂျင်းဘောင်းဘီကို ချပ်ချပ်ရပ်ရပ်ဝတ်ထားသည်။အပေါ်ကတော့ အပြာနုရောင်အစင်းအင်္ကျီလက်ရှည်ပွပွကို တံတောင်ဆစ်အထိလက်ခေါက်ဝတ်ထားကာ ဘောင်းဘီထဲထည့်၍ ခါးပတ်ပတ်ထားပြီး လည်ပင်းကကြယ်သီးတစ်လုံးဖြုတ်ဝတ်ထားသည်ကြောင့် ကြည့်ရသည်မှာ ပေါ့ပါးလွတ်လပ်စွာဖြင့် သက်တောင့်သက်သာရှိလှသည်။စီးထားသည့် ကွင်းတစ်ခုသာပါသော ခြေမကွင်းထိုးနှင့် ဒေါက်လေးထောင့်ပုံစံဖိနပ်လေးက ရိုးရိုးရှင်းရှင်းဖြစ်သော်လည်း အနက်ရောင်ပေမို့ သူမ၏ခြေထောက်လေးတွေဖွေးဥနေသည်ကို အတိုင်းသားမြင်နေရပြီး ပုံထဲမှာတောင် ခြေချောင်းလေးတွေက ပန်းရောင်ထနေလေသည်။
သူ့အထင် 5'3"လောက်သာ အရပ်ရှည်နိုင်သည့်သူမဟာ တစ်ချက်ကြည့်လိုက်သည်နှင့် Gym မှာအချိန်အတော်ကြာပေးထားပုံရသည့် ကျစ်လျစ်လှပသော ကိုယ်နေဟန်ထားရှိသည်။အရပ်သိပ်မရှည်သော်လည်း ဘောင်းဘီအကျပ်ဝတ်ထားသည့်ခြေတံလေးတွေက သွယ်လျဖြောင့်စင်းကာ သူ့နေရာနှင့်သူ အချိုးကျလှပပေသည်။ခါးပတ်ပတ်ထားသည့်ခါးလေးက သေးသိမ်နေသောကြောင့် အောက်ကတောင့်တင်းသည့်တင်ကို သဘာဝကျကျစွင့်ကားသွားစေကာ ခြုံကြည့်လိုက်လျှင် နုနုနယ်နယ်ပုံစံလေးနှင့်သူမသည် အချိုးကျသည်ထက်ကိုပို၍ လှပစွဲမက္ဖွယ်ရာရှိပါသည်။
ပြီးလျှင် ကျောလည်လောက်ရှိသည့် ခွေနွဲ့စွာကောက်ထားသော Light Chocolate အရောင် ဆံနွယ်များနှင့်အတူ ဖြူနုဝင်းမွှတ်သည့်မျက်နှာလေးက မိတ်ကပ်မပါသည့်အနေအထားမှာတောင် ထင်ရှားပေါ်လွင်နေသည်။အထူးသဖြင့် နဂိုအတိုင်းတန်းနေသည့်မျက်ခုံးလေးသည် တိကျသေသပ်စွာ အပေါ်သို့ပင့်တက်သွားပုံမှာ သူမ၏မျက်နှာလေးကို မျက်ခုံးမွှေးတစ်ခုတည်းနှင့်ပင် ဆွဲဆောင်မှုရှိနေစေပြီး ထိုမျက်ခုံးများ၏အောက္မှမျက်လုံးတွေက မဝိုင်းသော်လည်း အနောက်တိုင်းဆန်စွာပင် မျက်တောင်လေးတွေမှာ ကော့ကော့ညွှတ်ညွှတ်ရှိလှပေသည်။ဖြောင့်တန်းလှသောနှာတံချွန်ချွန်လေးကတော့ သူမ၏မျက်နှာအား ထင်ရှားပေါ်လွင်နေစေရန်အတွက်ကို နှစ်သက်ဖွယ်ကောင်းစွာ အပြတ်အသတ်ပံ့ပိုးပေးထားပြီး အပေါ်နှုတ်ခမ်းလေး၏ထောင့်တွေက သေသပ်လှသည်ကိုတွေ့ရသည်မို့ တိကျပြတ်သားမည့်ပုံပင်။ထို့အပြင် နီထွေးနေသော အောက်နှုတ်ခမ်းလုံးလုံးလေးထက္မှာရှိသည့် မှဲ့သေးသေးလေးက ပုံထဲမှာတောင်ထင်းနေသည်ကိုတွေ့ရလေလျှင်
အဟွန်း...။
စကားလည်းတတ်ကာ အစားလည်းမက္ပေမည်။
ထိုသို့ဖြင့် သူမ၏ပုံကို တစ်နေရာမှမချန်ဘဲ စေ့စေ့စပ်စပ်ကြည့်ပြီးသည့်သကာလ အပေါ်သို့ကွေးတက်နေသည့်သူ့နှုတ်ခမ်းတွေဟာ ဘယ်အချိန်ကတည်းက ပြုံးနေမိမှန်းပင် မသိတော့။
ထို့နောက်တွင်မူ သူက iPad ကိုပိတ်ကာ ခေါင်းကိုအသာရမ်းလိုက္မိရင်း သိသိသာသာ ခုန်လှုပ်နေသောရင်ခုန်သံတွေနှင့်အတူ မနက်ဖြန် ပြင်ဦးလွင်တက်ဖို့အတွက်ကို တက်ကြွနေသောစိတ်တို့ဖြင့် ရင်ခုန်လက်စနှင့်ပင် အိပ်ရာဝင်လိုက်တော့သည်။
----------------------*************-----------------------
YOU ARE READING
You are the only Exception!
Romanceအချစ်ဆိုတာက သူ့အရွယ် သူ့အနေအထားအရ အာသာပြေရုံလောက်ပဲ မြည်းစမ်းကြည့်ချင်ရုံ သူမနဲ့ကျမှ... ရှိုင်းသူရိန်လင်း အိမ်မက်တွေ တစ်ပုံတစ်ပင်နဲ့ ပေါ့ပေါ့ပါးပါးသာ နေလာတဲ့ သူမက အချစ်ဆိုတာကို သူမဘဝအတွက် အရေးတယူ မစဉ်းစားဖြစ်ခဲ့ပေမယ့် မျက်နှာများတဲ့ဒီလူကို မချစ်မိသေး...
Pyin Oo Lwin ရဲ့ Your Dream ဆီသို့
Start from the beginning
