⚠️Become Owned⚠️

16.4K 725 276
                                    

Unicode

- သူ့ကိုကြည့်ပါအုံး ရှက်စရာပဲ

- သူ့မိသားစုကတော့ သူ့အတွက်နဲ့ ဂုဏ်သိက္ခာတွေကျဆင်းကုန်တော့မှာမြင်ယောင်နေသေးတယ်

- သူက Betaအယောင်ဆောင်ထားတဲ့ Omegaဆိုတာ အမှန်ပဲလား

- Mr,Kimတော့ သူ့လိုသားမျိုးရထားတာ တကယ်ကိုကံမကောင်းတာပဲ

- သူ့ဘဝကတော့ &%$~&#&%...$¥±¥€^¢~~..&&%$#~~...

လူတွေအားလုံးမျက်လုံးအကြည့်တွေက သူ့ဆီမှုအပုံအပင်ကျရောက်လို့နေသည်...တဖျတ်ဖျတ် ဓာတ်ပုံရိုက်သံတွေနဲ့အတူ တီးတိုးစကားသံတွေပါ ရောယှက်လျက် သူ့နားထဲဆူညံနေသည်...ကိုယ်ပေါ်က အဝတ်အစားတွေဟာလည်း ရစရာမရှိအောင်ကို ဆုတ်ဖြဲခံထားရသည်...

ဒီတိုင်း ဒီလူတွေရှေ့ကနေ သူပြေးထွက်သွားရမလား...?

သူ့ကို လာကူညီမယ့်သူကို စောင့်နေရမလား...?

အတွေးတွေနဲ့ တွေဝေနေစဥ်မှာပဲ မျက်စိရှေ့လာရပ်တာ တောက်ပြောင်တဲ့ ရှူးဖိနပ်တစ်စုံ...မော့ကြည့်ဖို့ အချိန်မရလိုက်စဥ်မှာပဲ တစ်စုံတစ်ယောက်ရဲ့ ပွေ့ချီခြင်းကြောင့် သူ့ကိုယ်လုံးလေးဟာ လေထဲမှာစွေ့ခနဲ...သူ့တစ်ကိုယ်လုံး ထိုသူ့ရင်ခွင်ထဲ နစ်မြုပ်သွားရသည်...

သူတို့နှစ်ယောက်အား ကြည့်ကာဝေဖန်နေတဲ့ လူအုပ်ကြီးကို နောက်မှာချန်ခဲ့ပြီး တစ်နေရာသို့ဦးဆောင်၍ ထိုသူသည် သူ့အားပွေ့ချီခေါ်ဆောင်သွားလေသည်...

<<<<<<<<<<<<<

A few hour ago{လွန်ခဲ့သောနာရီအနည်းငယ်က}

- ကျစ် မသွားချင်ပါဘူးဆို စောက်လုပ်ရှုပ်နဲ့ ဟာတွေနဲ့အချိန်ကုန်ခိုင်းပြန်ပြီ..Appaတို့ကလေ လုပ်လိုက်ရင်#&$%#&$%#&#%&#%$#$

ကားနောက်ခုံက ဆူပုတ်ပုတ်မျက်နှာဘေးနဲ့ ထယ်ယောင်းတစ်ယောက်...ဟိုတယ်လာတဲ့ လမ်းတောက်လျှောက် ပါးစပ်ကိုအနားမပေးဘဲ အဖေဖြစ်သူအကြောင်း ပွစိပွစိရေရွတ်လာသည်...ပြောနေတဲ့သူတော့မသိဘူး သူ့စကားတွေကိုနားထောင်နေရတဲ့ ဒရိုင်ဘာတောင် သူ့အစားမောလာတယ်ထင်ပါ့...

- ရောက်ပါပြီ သခင်လေး

မကျေမနပ်နဲ့ ကားမှန်ထဲကနေတဆင့် သူဟိုတယ်ကိုကြည့်လိုက်တယ်...ပါတီတဲ့...လုပ်လည်းလုပ်နိုင်လွန်းတဲ့ ပါတီပွဲတွေ...စောက်လုပ်မလုပ်ချင်လို့ သက်သက်အချိန်ဖြုန်း ပိုက်တံဖြုန်းတီးနေတယ်လို့ပဲ ထယ်ကတော့ထင်သည်...

𝔡𝔢𝔩𝔦𝔠𝔞𝔱𝔢 𝔱𝔬 𝔨𝔬𝔬𝔨𝔳❶{𝔬𝔫𝔢𝔰𝔥𝔬𝔯𝔱 𝔠𝔬𝔩𝔩𝔢𝔠𝔱𝔦𝔬𝔫}Where stories live. Discover now