🏢In the Office🏢

21.6K 906 83
                                    

- Jeon junkook!!!ထစမ်း ခုချက်ချင်း!!!

ပြောနေတာကို လျစ်လျူရှ၍
စာအုပ်ကို မျက်နှာပေါ်တင်ကာ အိပ်နေသူ

- အမြဲတမ်း အိပ်နေမယ်ဆိုရင်လည်း
ဘာလို့အတန်းလာတက်နေသေးလဲ!!!

- အတန်းမတက်ဘူးလို့ မှတ်ချက်ရေးပြီး
ပျက်ကွက် စာရင်းထဲပဲ ထည့်လိုက်မယ်

ဒါလည်း သူဂရုမစိုက် ဆက်အိပ်နေသည်

- Jungkook!!!!!

စိတ်မရှည်နိုင်တော့တဲ့ အဆုံး
မျက်နှာပေါ်တင်အိပ်နေတဲ့ စာအုပ်ကို
သူကိုယ်တိုင်ဆွဲဖယ်လိုက်သည်

- အာ ပါမောက္ခKimကျနော် မအိပ်ပါဘူးဗျ

သူ့အပြောနောက်မှာ ကပ်ပါလာတဲ့
ရယ်သံသဲ့သဲ့နဲ့ တီးတိုးစကားသံတချို့

- အဟက် အိမ်မက်တောင် မက်နေပြီးတော့များ

- ကိုယ့်ရုပ်ကိုယ်လည်း ပြန်ကြည့်အုံး
အိပ်ချင်မူးတူးနဲ့ကွာ ဟဟ

- အေးလေဟယ် အံ့သြပါ့ သူတော်တယ်ဆိုတိုင်း

- ပရမ်းပတာတွေပါဟယ် ရုပ်လေးကချောသလောက်

သူ့ကို ကြည့်ကာ တစ်ယောက်တစ်ပေါက်နဲ့
နောက်ဆုံး ပါမောက္ခဆီမှ

- ဒါ ဘာသဘောလဲ Jeon jungkook?

- မင်းက အတော်ဆုံးကောင်းသား ဆိုတိုင်း
ငါ့အတန်းထဲမှာ နေချင်သလိုနေလို့ရမယ်များ
ထင်နေတာလား Jungkook???

ခက်ထန်တဲ့စကားလုံးတွေနဲ့ ပြောနေတဲ့
ပါမောက္ခKimဆိုတဲ့သူကို ပမာမခန့်လေးပြန်ကြည့်ရင်း

- ပါမောက္ခပြောတာမမှားဘူး

- ကျနော်က ပါမောက္ခရဲ့ အတော်ဆုံးကျောင်းသားလေ

ထို့နောက် jungkookက
ပါမောက္ခKimရဲ့ အင်္ကျီလက်စကို မသိမသာဆွဲကာ

- ကျနော် ဘယ်နေရာတွေမှာတော်လဲ
ဆရာ သိချင်သေးလား?

- ဖုန်း!

တစ်ဆက်တည်း သူ့မျက်နှာပေါ် ကျရောက်လာတဲ့စာအုပ်

- အာ့ နာတယ်ဗျာ့!!

- အတန်းဆင်းရင် မပြန်နဲ့
ငါးနာရီ အထိ ရုံးခန်းထဲမှာပဲနေရမယ်

𝔡𝔢𝔩𝔦𝔠𝔞𝔱𝔢 𝔱𝔬 𝔨𝔬𝔬𝔨𝔳❶{𝔬𝔫𝔢𝔰𝔥𝔬𝔯𝔱 𝔠𝔬𝔩𝔩𝔢𝔠𝔱𝔦𝔬𝔫}Where stories live. Discover now