ခေါင်းကထောင်မရအောင်ကိုက်သည်။ နားထဲတွင် တဝီဝီအူနေသည်။ မနေ့ကခံစားခဲ့ရသလို ထပ်တူ.....မဟုတ်ပါ....မနေ့ကထက်ဆိုးဝါးစွာ ခံစားနေရသည်။ တရိပ်ရိပ်ထိုးတက်လာသော ပူလောင်မှုက ဘဂျမ်းကို မီးနဲ့မှိုက်သလိုပင်။ ဒီနေ့သာ ထပ်ဖျားရင် ငါ သေချာပေါက် ခံနိုင်တော့မည်မဟုတ်ဟု ဘဂျမ်းတွေးသည်။

တစ်ခုခုဆိုဘယ်သူ့အကူအညီတောင်းရပါ့ဟု တွေးထားရသည်။ ​ေဘးကပ်ရက်ကလူက မရှိဘူးထင်သည်။ အသံလုံးဝမကြားရ။ နှစ်ထပ်ရှိသည့်အဆောင်တွင် ဘဂျမ်းက အပေါ်ထပ်က အခန်းတစ်ခန်းကိုယူထားတာ။ အောက်ထပ်တွင် လူသံလိုလိုကြားရပေမဲ့....လှမ်းအော်လို့ကြားမည်မထင်။ ဖုန်းနံပါတ်ကလဲ အဆောင်ပိုင်ရှင်ရဲ့ဖုန်းပဲသိသည်။ကျန်နဲ့သူတွေနံပါတ်ကိုမသိ။
ဖုန်းက အားသွင်းထားသည်။ ထယူရမည်။

ကိုဝင်းအောင်နံပါတ်ကိုလဲ မတောင်းမိ။ ဘဂျမ်းစိတ်တွေ လွတ်ထွက်မတတ်ဖြစ်နေသည်။ ပြင်းလွန်းသောဝေဒနါသည်ဘဂျမ်းကို နှိပ်စက်နေပြီ။

မှားသည်....ဒီနေ့ဆိုင်ကယ် ထွက်ဆွဲ​ခြင်းသည်အမှားကြီးမှားသည်။ ဆိုင်ကယ်အခေါက်ရေများများဆွဲရခြင်းသည်ပိုက်ဆံရသည်မှန်သော်လည်း ရင်ဘတ်ကိုလေတိုးသည်။ စက္ကန့်နှင့်အမျှခံစားရသော ကိုယ်လက်ကိုက်ခဲခြင်းနှင့်တုန်ခိုက်နေအောင်တက်သောအဖျားက ဘဂျမ်းကို ပင်လယ်အောက်သို့ဆွဲချနေသလို နင့်နင့်နဲနဲရှိလှသည်။

အဖျားပြင်းလွန်းသည့်အတွက် ဘဂျမ်းသတိလစ်သွားသည်။ ဘဂျမ်း ကံကောင်းသွားသည်မှာ...ဖုန်းခေါ်ရမည်ဟူသော အသိကသတိမလစ်ခင်လေးတွင် သတိရသည်။ ဒါကြောင့်ဖုန်းအားသွင်းထားသည့်နေရာကို အားတင်းပြီးထကာ သွားသည်။ ခြေတစ်လှမ်းမှ မလှမ်းနိုင်သေးမှီတွင်ပင် ဘဂျမ်း ဝုန်းကနဲ....ကြမ်းပြင်ပေါ် လဲကျသည်။

အောက်ထပ်မှာ စုကာ အရက်ဝိုင်းလုပ်နေသည့်ကောင်တွေ လန့်ကာသွားသည်။ တစ်ခုခုပဲဟုတွေးကာ အပေါ်ထပ်ပြေးတက်လာကြသည်။ ဘဂျမ်း တံခါးကို တဝုန်းဝုန်းထုကြသည်။ ဖွင့်မပေးသည့်အဆုံး ကန်ဖွင့်ကာဝင်လာတော့သည်။ ကြမ်းပေါ်လဲကျနေသော ဘဂျမ်းကို ချီမကာ ဆေးရုံဆီပြေးကြတော့သည်။
.
.
.
.
.
ဒီနေ့ လင်းသန့်ကြည် ဂျူတီထွက်တာနောက်ကျသည်ကြောင့် အိမ်သို့မပြန်တော့ပါ။ ဝတ်ရည်မတစ်ယောက်လဲ ကားကိစ္စဆက်မဆွေးနွေးနိုင်တော့....တနေကုန်အလုပ်တွေမနားရဘူး​ေလ။ လင်းသန့်ကြည်လဲ အရေးပေါ်ဘက်တွင် တစ်နေကုန်သည်။ ဂျူတီထွက်တာနဲ့ ခဏနားကာ ဆေးရုံမှာပင်ရေချိုးလိုက်သည်။ သူနာပြုဆရာမတွေစီစဥ်ပေးသော ညစာကိုအတူတကွစားကြသည်။ လင်းသန့်ကြည် ညပိုင်းနားရမည်။ မနက်စောစောဂျူတီပြန်ဝင်ရမည်။

မိုးကောင်းကင်နှင့်ကမ္ဘာမြေ....ချစ်ခြင်းသက်သေTempat cerita menjadi hidup. Temukan sekarang