ပြောပြီး Jungkook က ပါးကို နမ်းရန် ကပ်လာသည်မို့ Jimin ချက်ခြင်း Jungkook မျက်နှာအား တွန်းထုတ်လိုက်ပြီး အင်္ကျီလည်ပင်းကို ဆွဲကိုင်လိုက်ကာ လက်သီးဖြင့်ရွယ်လျက်

"မင်းကို ငါ့အသားမထိနဲ့လို့ အကြိမ်ကြိမ် ပြောခဲ့တယ်နော် အေး.. ငါ ဒေါသ မထိန်းနိုင်လို့ တခုခု လက်လွန်သွားရင် ငါ့အပြစ် မဟုတ်ဘူး"
"Hyung ကျွန်တော့်ကို မထိုးရက်ပါဘူး.. ကျွန်တော်သိတာပေါ့ Hyung အတိတ်မေ့နေရင်တော့ Hyung နှလုံးသားက ကျွန်တော့်ကို သိတယ်လေ"
"ဒီ သောက်ရူးနဲ့တော့.."

Jimin အမြင်ကတ်ကတ်ဖြင့် အားပြင်းပြင်း တချက်ထိုးလိုက်သည်။ Jungkook ကုတင်ထက် ထိုင်နေရာမှ ကုတင်ပေါ် လဲကျသွားသည်။ ဒါတောင် တစ်ခစ်ခစ် ရယ်လျက်

"ဟား တကယ် ထိုးတာပဲ.. နာတယ် Hyung ရဲ့"
"မင်းက ဘာလို့ လေကြီးလေကျယ်တွေ လာပြောနေတာလဲ.. မင်းစကားနဲ့ မင်းခံရတာ ငါ့အပြစ် မဟုတ်ဘူး"

Jimin ကုတင်ထက်က ချက်ခြင်းဆင်းကာ ရေချိုးခန်းလေးထဲ ဝင်သွားလိုက်သည်။ ဒါတောင် အပြင်မှာ ကျန်ခဲ့တဲ့ Jungkook က လှမ်းအော်သေးသည်။

"အစမို့လို့ပါ.. နောက်ကျ Hyung နှလုံးသားက ကျွန်တော့်ကို ပြန်မှတ်မိလာမှာ"

'သောက်ရူး'....။ ရေချိုးခန်းကျဉ်းကျဉ်းလေးထဲ တစ်ယောက်ထဲ တိုးတိုးလေး ရေရွတ်လိုက်သည်။ ရေချိုးပြီး အဝတ်ဗီရို ဖွင့်လိုက်တာနဲ့ သက်ပြင်းပဲ ချမိတော့သည်။

"မဖြစ်တော့ဘူး.. Jeon Jungkook ဒီကို လာစမ်း"
"လာပါပြီဗျာ"

အခန်းတံခါးလေး တိုးဖွင့်ကာ ခေါင်းလေးပြူဝင်လာတဲ့ ကောင်လေးအား မကြည်သလိုကြည့်လိုက်ရင်း

"မင်း Suit ငါ့ကို တရက်ငှါး"
"ဟင် ဘာလို့လဲ"
"ငါ အလုပ်သွားဖို့လေ"

Jimin စကားကြောင့် Jungkook က ရယ်ရင်း

"Hyung က Beauty Saloon ကို Suit နဲ့သွားမှာလား.. Hyung ကလည်း မလိုက်ဖက်တာကို"
"ဖြစ်နိုင်မလား စဉ်းစားလေ.. ငါ Shopping ပတ်ထွက်ရင် လိုက်ဖက်အောင်လို့"

Jimin က ပြောရင်းပဲ Jungkook ရဲ့ Suit တစ်စုံဆွဲ ယူလိုက်သည်။ Jungkook က ဘေးနားကနေ ရပ်နေတာမို့ Jimin မကြည်သလို ကြည့်လိုက်ရင်း

Amor is so DummWhere stories live. Discover now