^Second Face^ Part-13

Start from the beginning
                                        

ပြသာနာကို အေးဆေးဖြေရှင်းတတ်တဲ့ အကျင့်အတိုင်း Luhan တစ်ယောက် တံခါးကိုကျော မှီထိုင်ရင်း အသေအချာ စဉ်းစားမိနေတယ် ဘောင်းဘီအိပ်ထဲက ph ကိုစမ်းကြည့်တော့ ph က ရှိမနေ

အခန်းထဲမှာ TV ဘီရိုကြီး ရေချိုးခန်း စသည့်ဖြင့် အကုန်အပြည့်အစုံ Luhan ဘီရိကိုဖွင့်ကြည့်လိုက်တော့ သူ့အဝတ်တွေကို စီတန်းပြီး သပ်ရပ်စွာ ထည့်ထားတယ် ဒီပုံစံအတိုင်းဆို ဒီမှာနေရတော့မှာပေါ့

တင်းး တောင် ...

Bell တီးသံကြောင့် Sulli ကြောင်သွား တယ် ဒီချိန်လာမယ့်သူမရှိပါဘူးးး

ဘယ်သူပါလိမ့်

Sulli တံခါးဖွင့်ပေးလိုက်တော့ ....

ဟင် Luhan Korea သွားမှာဆို ဘယ်လိုလုပ်

အင်းးး မသွားဖြစ်တော့ဘူး အစီအစဉ်တွေပြောင်းသွားလို့

ဟင် ဘယ်လိုပြောင်းသွားတာလဲ

သြော်.. လူလွှတ်ပြီးခိုင်းလိုက်တယ် ဒီမှာလည်း အလုပ်တွေရှိသေးတယ်လေ အဲ့ဒါကြောင့်

aww.. nae ဟို ဒါဆို ရေချိုးလိုက်လေ ညစာပြင်လိုက်မယ် ဘာမှတောင် သေချာမချက်ထားဘူး

ရပါတယ် ရေချိုးလိုက်ဦးမယ်

Sulli ညစာပြင်ရင်း ...

Luhan သူ့ကိုကြည့်ရတာတစ်မျိုးပဲ အရမ်းအရေးကြီးတဲ့ ကိစ္စကို ကိုယ်တိုင်မသွားဘဲ တစ်ခြားလူ လွှတ်လိုက်တယ်တဲ့ ပြီးတော့ Korea အရမ်းသွားချင်နေတယ်ဆိုပြီး မသွားဘဲ ပြန်လာတယ် နောက်မှသေချာမေး တော့မယ်

Luhan စားလို့ရပြီ ပြီးရင်လာခဲ့တော့

Luhan ထမင်းစားခန်းထဲဝင်လာတော့ Sulli မျက်မှောင်ကြုံ့သွားတယ်

Luhan ဒီအင်္ကျီမမြင်ဖူးပါဘူး အသစ်လားဟင်

သြော်... အင်းးး ဟုတ်တယ် အသစ် Korea သွားမယ်ဆိုတော့ တစ်ခါထဲအသစ်တွေဝယ်လိုက်တာ

Luhan style နဲ့ ဝတ်ထားတဲ့ပုံစံ နည်းနည်းတော့ကွာနေတယ်

အင်းလေ ဒါဆိုစားရအောင်

Luhan ထိုင်ခုံမှာဝင်ထိုင်လိုက်တော့...

Luhan နေကောင်းရဲ့လား ...

သြော်.. အင်းး ကောင်းပါတယ် Wae??

အသံကတစ်မျိုးပဲ ပြောင်းသွားသလိုပဲ

နည်းနည်းအအေးမိတယ်ထင်တယ်

အင်းးး စားပြီးရင်ဆေးသောက်ရမယ် ကဲ စားတော့

ဟင်းတွေခတ်ထည့်ပေစနေတဲ့ Sulliဲကိုကြည့်လိုက်တော့ ချစ်စရာကောင်းတဲ့ မျက်နှာလေးနဲ့ ရယ်ပြုံးနေလေတယ်

Luhan ဒီဆေးလေးသောက်ထားလိုက် ပြီးရင်နွေးနွေးလေးဝတ်ပြီးအိပ်နော်

Nae.. gomawo

Yebosayaw.. အေး ပြော Wae??

Ph လာလို့ထသွားတဲ့ Luhan ကို ကြည့်ရင်း Sulli အတွေးတွေမျိုးစုံ

Luhan ထူးဆန်းနေတာတော့ အမှန်ပဲ

ကိုယ်အပြင်ခဏသွားဦးမယ် Sulli

ဟင် ညမိုးချုပ်နေပြီ

နိုင်ငံခြားကပြန်လာတဲ့ chingu ဆီက ph လာလို့

ဘယ်သူလဲ Kris လား ??

Kris?? သြော်.. အင်းး ဟုတ်တယ် Kris အဲ့ကောင်ကွာ ညဘက်ကြီးအတင်း ခေါ်ထုတ်နေတယ်

ပြီးတာပဲ အပြင်မှာအိပ်မှာပေါ့

အင်းး မပြောတတ်သေးဘူး ခဏပဲတွေ့ပြီးပြန်လာပါ့မယ် အရင်အိပ်နှင့်လေ

အရမ်းနောက်မကျရင် ပြန်လာခဲ့နော် ပြီးတော့ အများကြီးမသောက်နဲ့ဦး

Ok!! သွားပြီ Good Night!! Sulli

Nae.. ကားကိုဂရုစိုက်မောင်းနော်

အိမ်ထဲကထွက်လာပြီး အပြင်ရောက်လာတဲ့ လူတစ်ယောက် တစ်နည်းအားဖြင့် Korea မသွားဖြစ်ဘဲ ပြန်ရောက်လာတဲ့ Luhan .... မဲ့ပြုံးပြုံးလိုက်ပြီး သက်ပြင်းချကာ

Luhan ခင်ဗျားအေးဆေးနားလိုက် ဦးပေါ့ ....

ရှုပ်သွားလားဟင် Luhan က Korea မှာရောက်နေတာလေ လူတွေဖမ်းခေါ် သွားလို့ ဒါဆို China ပြန်ရောက်လာတဲ့ Luhan ဆိုတာ??? Next ep>>>>

update နောက်ကျလို့ miya.. ပုံမှန် date မှာပါ Assignment ရေးနေရလို့ပါ မေ့သွားပြီလား တစ်ခြား fic တွေ tmr နော်

Waiting for vitamin votes and feedbacks.. saranghae..

gamsamitha.. 90° bows..

^Second Face^ ( Completed ) Where stories live. Discover now