အခန်း ၃၁[ထွင်းထုထားသောသော့ခလောက် ၃]

Start from the beginning
                                    

"ဘာမှမဟုတ်ပါဘူး..ငါလည်းမသိတော့ဘူး..အဲ့တာက..ငါ့အရိုးတွေဆွေးမြေ့ကုန်သလိုမျိုးခံစားနေရတယ်..ခြေထောက်ကမြေကြီးကိုထိလိုက်တာနဲ့တစ်ကုန်လုံးကျဥ်တတ်လာပြီးအရမ်းနာတယ်..လမ်းမလျှောက်ချင်တော့ဘူး"

ရွှဲရှန်စကားပြန်မပြောနိုင်ခင်မှာ အသံကိုတိုးလျက် တတွတ်တွတ်စကားဆက်လာသည်။

"သည်းငြီးခံလို့ရတယ်..သေတာလောက်တော့မနာကျင်ပါဘူး"

ကျန်းရှီနင်မှကြည့်ပြီး စကားဆိုလာသည်။

"မှန်တယ်တော့လည်းမဟုတ်ပါဘူး"

ရုတ်တရက်တစ်ခုခုကို သတိရသွားပုံနှင့် လုနျယ်ချီရပ်ကာ ကျန်းရှီနင်ကိုကြည့်လာသည်။ ကလေးငယ်သည် ရုပ်နှင့်အသက်မလိုက်ပဲ အသက်ကြီးနေပြီဖြစ်သော်လည်း ကျန်းရှီနင်အမြင်မှာတော့ ကလေးအရွယ်သာဖြစ်သည်။ ထို့ကြောင့်ပဲ အပြောအဆိုရိုင်းစိုင်းပေမဲ့လည်း အတော်အသင့်ကိုတော့ ခွင့်ပြုပေးထားသည်။ လုလင်ငယ်သည် ကျန်းရှီနင်ကိုကြည့်ကာ

"မင်းကသေပြီးပြီ..ဟုတ်တယ်မလား?"

ထိုအချိန်တွင် ရွှမ်းမင်လက်ခွံအတွင်းမှ ခေါင်းပြူထွက်နေသော ရွှဲရှန်သည် လုနျယ်ချီမျက်ဝန်းထက် အလင်းတန်းတစ်တန်း ဖြတ်ပြေးသွားသည်ကို မြင်လိုက်ရ၏။ ကလေးငယ်သည် ချောက်ကမ်းပါးစွန်းမှ ပြုတ်ကျသွားချိန်တွင် အငူတစ်ငူကို လှမ်းကိုင်နိုင်သွားသည့်နှယ်။

ရွှဲရှန်နှင့်ယှဥ်ပြီး ငြင်းခုံလေ့ရှိသော ကျန်းရှီနင်သည် ကလေးငယ်တစ်ဦးကိုတော့ ထိုအတိုင်းမဆက်ဆံနိုင်။ ခေါင်းငြိမ့်ပြကာ

"အင်း..ငါသေသွားတာသုံးနှစ်ရှိပြီ..နောက်ဆုံးဆန္ဒမပြီးမြောက်သေးတာမလို့စက္ကူခန္ဓာကိုယ်ထဲမှာယာယီနေနေရတာ"

ဤစကားကြားသောအခါ လုနျယ်ချီသည် လျှောက်လက်စခြေလှမ်းကိုတောင် အာရုံမထားနိုင်တော့။ သတိမထားပဲ ဖိနင်းချမိလိုက်တာကြောင့် ထိုးတက်လာသောနာကျင်မှုနှင့် တစ်ကိုယ်လုံးတုန်ယင်သွားသည်။ ချွေးသီးချွေးပေါက်များမှာလည်း နဖူးထက် သီးခိုလာပြန်၏။ နာကျင်မှုကို လှစ်လျူရှုကာ ကျန်းရှီနင်ကို

Copper Coins《铜钱龛世》Where stories live. Discover now