နောက်ဆုံး ဆူံးဖြတ်ချက် ချလိုက်သည်။

" အင်း ရတယ် ဒါပေမယ့်...... "

" ဆက်ပြောလေ"

" ကိုယ့် ကိုပါ ခေါ်သွား "

" ဟင် ကျွန်တော်က အပျော်သွားမှာမဟုတ်ဘူးနော် စာလုပ်ဖို့သွားမှာ "

" စိတ်ပူလိူ့ .....စိတ်ပူလို့.... မင်းလေးကို
ဘာမှမနှောက်ယှက်ဘဲ ဘေးမှာဘဲ ထိုင်နေမှာ ခေါ်သွားနော်"

ကလေးမဟုတ် သူငယ်မဟုတ် ချွဲနေပြန်တဲ့ jay ကြောင့် ဖြစ်ချင်တာဖြစ် ဆိုပြီး လိုက်ခွင့်ပ်ြုလိုက်သည်။

Eunji နဲ့ပါ မိတ်ဆက်ပေးပြီး သူ့ရဲ့ ထိပ်တန်း ကားကြီးနဲ့ စာကျက်ဝိုင်းကို လာခဲ့သည်။

စာကျက်ဝိုင်း လို့ဆိုရပေမယ့် ကျူရှင်လိူ ပုံစံမျိုးမဟုတ်ဘဲ ကိုရီးယား ရိုးရာအိမ် ဒီဇိုင်းကို အခြေခံ ဆောက်ထားပြီး ပတ်ဝန်းကျင်ဟာ တိတ်ဆိတ် လွန်းလှတာကြောင့် ကျောင်းသားတွေ စာလုပ်လို့ ကောင်းတဲ့ နေရာပုံစံ‌မျိုးလေး။

စာမေးပွဲနီးတိုင်း ကျောင်းပေါင်းစုံက ကျောင်းသားတွေ လာစုမိတဲ့ နေရာတစ်ခု‌လည်းဖြစ်တာကြောင့် မသိတာ အပြန်အလှန် မေးကြရင်း သူငယ်ချင်းတွေအများကြီးရလာနိုင်တဲ့ စာကျက်ဝိုင်းလေး တစ်ခုဖြစ်သည်။

ထို အိမ်ထဲ စဝင်လာတော့ Jay မှာ အံ့ဩပုံ တစ်ချက်မှ မမြင်ရ။
ပုံစံ လာတဲ့ သူတွေတောင် အိမ်ရဲ့ ဒီဇိုင်ကို ကြည့်ပြီး wowဆိုပြီး ဖြစ်ရလောက်တဲ့ ထိဘဲ ဧည့်ခန်းမှာ ခွေးလေးတွေလာ်း မွေးထားသေးတာကြောင့် ဒီနေရာလေးကို Jaeyun နှစ်သက်မိတာ အမှန်ပင်။

" အိမ်က လှတယ်မှတ်လား "

လက်မောင်းကို တံတောင်ဆစ်နဲ့ တို့ပြီး မေးကြည့်လိုက်ပြန်တော့လည်း လှတယ် ဆိူတဲ့ စရာတစ်လုံးဘဲ ထွက်လာခဲ့သည်။

သူတစ်ကယ် ကြိုက်ရတဲ့ နေရာလေးကို Jay က စိတ်မဝင်စားသလို ပုံစံမျိုး ဖြစ်နေတော့ စိတ်ထဲ နည်းနည်းခုမိသွားသည်။

ဆူအောင့်ပြီး Eunji ရဲ့ လက်ကို ဆွဲကာ စားပွဲတစ်ခုတွင် ဝင်ခိုင်းလိုက်သည်။

" ဟဲ့ နင်ဘာဖြစ်နေတာလဲ "

" ဘာမှမဖြစ်ပါဘူး "

Love is you | DOUBLE JWhere stories live. Discover now