အခန်း ၃၀[ထွင်းထုထားသောသော့ခလောက် ၂]

Start from the beginning
                                    

သံထည်ကိုလွှာနိုင်သော အံမခန်းနဂါးလက်သည်းသည် ဗိုက်ကိုကုတ်ကြည့်ချိန်ဝယ် ရွံ့မြေအားထိုးမိသကဲ့သို့ ဝမ်းဗိုက်လည်း ဒဏ်ရာမရသွား။ ကြည့်ရသည်မှာ လက်သည်းများလည်း နူးညံ့သွားပုံရသည်။

ဂုဏ်သိက္ခာတရားအတွက် ပြင်းထန်လှသော နောက်ထပ်ထိုးနှက်ချက်တစ်ခု...။

နူးညံ့သေးသွယ်လှသော ခန္ဓာကိုယ်သည် ကတုံးလက်ကောက်ဝတ်၌ ပတ်ခွေနေရင်း သက်တောင့်သက်တာမရှိလှဟု ရွှဲရှန်ခံစားနေရ၏။

အများအမြင်တွင်တော့ ကတုံးထံတွင် သွယ်လှပြီး အရိုးများကတင့်တယ်စွာ ကွေးညွှတ်နေသော နှစ်လိုစဖွယ် လက်ကောက်ဝတ်ရှိလိမ့်မည်။ သို့ပေမဲ့ ရွှဲရှန်ကတော့ ကတုံးလက်ကောက်ဝတ်၌ပတ်ရင်း ကိုယ့်ကိုယ်ကို အပြစ်တင်နေမိသည်။ နည်းနည်းလေးမှတောင် ရှောရှောရှူရှူမရှိ။ လက်ကောက်ဝတ်မှအရိုးသည် နူးညံ့သောဝမ်းဗိုက်အကြေးခွံကို ထောက်လျက်ရှိသည်။ မသိလျှင် ယောက်ချိုဇွန်းခပ်ဝိုင်းဝိုင်းပေါ်တွင် ဗိုက်မှောက်လျက် လဲလျောင်းနေသည့်အတိုင်း။ မနာပေမဲ့လည်း ထောက်ထောက်မာမာကြီး ဖြစ်နေသည်။

စိတ်ရှုပ်စရာကောင်းလိုက်တာ!

ရွှဲရှန်ဒေါသတကြီးနှင့် ကတုံးလက်ကို ကုတ်ခြစ်လိုက်သည်။ သွေးထွက်ဖို့ကိုအသာထား ကတုံးယားကျိကျိဖြစ်ရုံသာရှိမည်။ ရွှဲရှန်ကတော့ အရှုံးပေးလိုက်ပြီ။

အနှီခြေလေးချောင်းပါသတ္တဝါသည် ဇာတ်ထောင်စားလို့ရသည်အထိ တမ်းချင်းစုံလှပြီး ဒေါသထွက်လွယ်သူဖြစ်ပေမဲ့ အဲ့ဒီလောက်ထိ စိတ်ကိုမကြာခဏ လာလာဆွနိုင်သူသည် အတော်လေးတော့ ပါရမီရှိသည်ဟု ဆိုရမည်။

ဟိုလှည့်ဒီလှည့် ဂနာမငြိမ်ဖြစ်နေတာကြောင့် ရွှမ်းမင်သတိထားမိသွားတော့သည်။

ရွှမ်းမင်မျက်လုံးများဖွင့်လာချိန်တွင် ကောင်းကံယံထက်ကိုသာ မလှုပ်မယှက် စိုက်ကြည့်နေခဲ့ပြီး အနက်ရောင်မျက်ဝန်းမှာ ရေကန်နှယ်နက်နဲလှကာ မရေမရာနှင့် သံသယအရိပ်အယောင် စိုးစဥ်မျှလည်းရှိနေသည်။

မြစ်ရေ၏စိုထိုင်းမှုနှင့်အတူ သွေးနံ့လည်းရနေတာကြောင့် မျက်ခုံးရိုးများ တွန့်ကွေးသွားသည်။ ရေထဲသို့ကျဆင်းသွားချိန်တွင် မျက်လုံးစုံမှတ်ရင်း မန္တန်ရွတ်လိုက်သည်ဖြစ်၍ ရေအများအပြား မမြိုချမိခဲ့။ သို့ပေမဲ့လည်း မြစ်အောက်ခြေမှ ရေဖိအားဒဏ်ကြောင့် ရင်ဘတ်က အောင့်တက်လာသည်။

Copper Coins《铜钱龛世》Where stories live. Discover now