"ဒီအတိုင်းထားလိုက် သူ့ကိုဘယ်အရာကမှတားနိုင်မှာမဟုတ်ဘူး.. ငါအစောကတည်းကဒီအခြေအနေကိုမျှော်မှန်းထားပီးသားပဲ"

ဂျီမင် တကယ်တော့ဟိုတနေ့ကဟိုဆော့ပြောခဲ့သည့် မင်ဆူသေတာသူ့ကြောင့်မဟုတ်ဖူးဆိုသည့်ကိစ္စကိုခနခနပြန်တွေးမိသည်... ပြန်တွေးမိတိုင်းနမ်ဂျွန်းအပေါ်သံသယ၀င်မိသည် ဒါပေမဲ့သူအမှန်ကိုသိရမှာကြောက်တယ် အကယ်၍မင်ဆူ့ကိုသတ်တာ နမ်ဂျွန်းဆိုရင် သူပေးဆပ်ခဲ့သမျှအရာတွေ နမ်ဂျွန်းနောက်လိုက်ခဲ့တဲ့အချိန်တွေက အရူးတယောက်လိုဖြစ်သွားရမှာကိုသူကြောက်မိသည်.. ဒါကြောင့်ပဲသူအဲဒီအကြောင်းကိုမေ့ထားလိုက်တော့သည်...

'တောင်းပန်ပါတယ် ဂျီမင်... ပီးတော့ ကျေးဇူးလည်းတင်ပါတယ်..'

နမ်ဂျွန်း ဂျီမင့်ရဲ့နောက်‌ေကျာပြင်ကိုကြည့်ရင်းသက်ပြင်းတစ်ချက်သာချလိုက်တော့သည်....
.
.
.
.
.
.
.
.
.
"ဂျန်းကု ငါ့ကိုဘယ်ခေါ်လာတာလဲ.."

ဆော့ဂျင် မျက်လုံးတွေကိုအုပ်ထားတဲ့ဂျန်းကုရဲ့လက်ကိုအသာထိရင်းမေးလိုက်သည်..

"ခနပါ ဂျင်ရဲ့.. ကိုယ်တို့ရောက်တော့မှာပါ"

"မင်း တကယ်ပဲဘာတွေလုပ်နေတာလဲ.."

ဂျန်းကုကတော့ဘာမှပြန်မဖြေပဲသူသွားမဲ့နေရာကိုသာဦးတည်နေသည်.. ဆော့ဂျင်ရဲ့နားခေါင်းထဲကိုမွှေးပျံ့လက်ဆတ်တဲ့ ကော်ဖီအနံ့လေးတွေ၀င်ရောက်လာသလို အတိတ်နေ့ရက်တချို့ရဲ့မှတ်ဉာဏ်တွေကလည်းပြန်လည်ရောက်ရှိလာခဲ့သည်... အဲဒီတုန်းကအခုဆော့ဂျင်ဟာ သာမန်ကော်ဖီဆိုင်သေးသေးလေးရဲ့ပိုင်ရှင်တယောက်ပင် ပိုင်ရှင်ဆိုသော်ငြားလည်း တယောက်ထဲပိုင်ရှင် တယောက်တည်းစားပွဲထိုး တယောက်ထဲသန့်ရှင်းရေးနှင့်အတော်ပင်ဘ၀လေးကရိုးရှင်းခဲ့သည်...
ဆော့ဂျင်လဲ အတွေးလေးတချို့ကြောင့်ပြုံးလိုက်မိသည်..

"ကဲ ရောက်ပီ"

ဂျန်းကုရဲ့လက်တွေ မျက်လုံးပေါ်ကနေဖယ်ခွာသွားတဲ့အခါမှာတော့ ဆော့ဂျင်အရင်ကအလုပ်လုပ်ခဲ့တဲ့ ကော်ဖီဆိုင်ရှေ့ကိုရောက်နေပီဖြစ်သည်... ဆော့ဂျင်အံ့ဩလွန်းလို့ငေးကြည့်နေရုံသာတတ်နိုင်ခဲ့သည်...

Only you (Complete)Där berättelser lever. Upptäck nu