'ဟင့်အင်း တကယ်သိချင်တာပါ
ကျွန်တော်တွေ့ခဲ့တဲ့မိန်းကလေးက ဘယ်သူလဲ ကလေးကရော'

'သူ့နာမည်က Mary, ကိုကို့ရဲ့ချစ်သူ, ကိုယ်ရဲ့ ငယ်သူငယ်ချင်း,

ကိုကို နဲ့ ကိုယ်နဲ့က အဖေတူအမေကွဲ ညီအကိုတွေ

ကိုယ့်မေမေက Wang သူဌေးရဲ့ ဒုတိယမြောက်ဇနီး

ဖေဖေဟာ မေမေ့ကို စီးပွားရေးအရတွက်ချက်ပြီး လက်ထပ်ခဲ့တာ သူတကယ်ချစ်တာ ကိုကို့ရဲ့ မေမေကို

ကိုကိုရဲ့ မေမေက ကိုကိုငယ်ငယ်ကတည်းက နှလုံးရောဂါနဲ့ဆုံးပါးသွားတော့ မိတဆိုးကိုကို့ ကို ဖေဖေက ပိုချစ်တယ် အလိုလိုက်တယ် သူချစ်သူမွေးပေးခဲ့တဲ့ ကလေးမို့လို့လဲ ပါမှာပေါ့။ ကိုကို့မှာ သူ့အမေလိုပဲ နှလုံးရောဂါရှိနေတော့ ကိုယ်ရှိနေသေးတယ်ဆိုတာ မေ့လျော့သွားရတဲ့ထိ ဂရုစိုက်တာ။

ကိုယ့်အတွက်ကတော့ ဖခင်မေတ္တာဆိုတာ ဘယ်လိုမျိုးလဲ လို့မေးယူရမလိုပဲ။ ငယ်ငယ်ကတည်းက မေမေရယ် အမေဘက်က အဖိုးအဖွားတွေ လက်ထဲမှာပဲ ကြီးပြင်းခဲ့ရတာ။

အရွယ်ရောက်တော့ UK မှာ master ပြီးတဲ့ထိနေခဲ့တာ ဆိုတော့ ကိုကိုနဲ့ Mary စေ့စပ်လိုက်တာတောင် ဖုန်းထဲကပဲသိလိုက်ရတယ်။ စီစီကိုတောင် Wang အိမ်တော်မှာ အလုပ်လုပ်ဖူးတာ သူပြောလို့သိရတာ ကိုယ်က မွေးကတည်းက အိမ်မကပ်ရတော့ မလုပ်သမားတွေလည်း မသိဘူး။

သူတို့သားအဖနှစ်ယောက်နဲ့ ပါတ်သတ်ရင် ကိုယ်က အပြင်လူပါပဲ

ဘွဲ့ရတော့ ကိုယ်ဒီကို ပြန်လာခဲ့တယ်။ ဒီဒေသအကြောင်းလေ့လာရင်း အဖိုးအဖွားတွေထားခဲ့တဲ့ အမွေတွေကို ဒီမှာပဲ ရင်းနှီးမြှုပ်နှံဖို့ plan ချထားခဲ့တာ

ပြန်ရောက်ပြီး တစ်လအကြာမှာပဲ ပြသနာတက်တော့တာပဲ'

Leader က ဆက်မပြောပဲသက်ပြင်းချတယ်။

'အဲ့နေ့က Wang group ပိုင် Hotel တစ်ခုမှာ ကိုကို့မွေးနေ့ dinner party ရှိတယ်။

Mary ရဲ့သူငယ်ချင်းတွေဖြစ်တဲ့ ဟောက်ရွှမ်းရော တခြားသူငယ်ချင်းတွေရော နဲ့ အခန်းသပ်သပ်ယူပြီး ဝိုင်းဖွဲ့ပြီး စားကြသောက်ကြတယ်

Till The EndWhere stories live. Discover now