3 (^-.^)

4.3K 568 8
                                    

Zawgyi

Wang Yibo မနက်အိပ်ယာနိုးတော့ လက်မောင်းတစ်ဖက်လုံး ထုံနေပြီဖြစ်ပါတယ်။ ကျဉ်တက်လာလို့ အခါတိုင်းပုံမှန် နိုးချိန်ထက် စောပြီး နိုးလာရတယ်။

သူလက်မောင်းပေါ် အခန့်သားတက်အိပ်နေတဲ့ အကောင်ပေါက်။ မျက်လုံးတွေဖိမှိတ်ပြီး အိပ်မောကျနေတော့ မျက်တောင်စိတ်စိတ်လေးတွေက ရေတွက်ချင်စရာကောင်းလွန်းတယ်။ နှုတ်ခမ်းရဲရဲလေး နဲ့ မှဲ့နက်လေးကို ကြည့်နေရင်း ရင်ဘတ်ထဲက တစ်ဒုတ်ဒုတ် မြည်နေတော့တယ်။

ညက ဘေးကပ်အိပ်နေရာကနေ သူ့ရင်ခွင်ထဲဝင်လာတာ ဖြစ်တယ်။ ကြည့်နေချိန်မှာပဲ အေးလို့ထင် အိပ်ပုတ်လေး ကပိုတိုးလို့ကပ်ဝင်လာတယ်။ Wang Yibo တစ်ကိုယ်လုံး တောင့်တင်းပြီး အသက်ရှူပါအောင့်ထားရတယ်။ နဖူးပြေပြေလေးက သူနှာခေါင်းရှေ့မှာ နည်းနည်းလောက်ရှေ့တိုးလိုက်ရင်………

'ဝုန်း'

ရုတ်တရက် စိတ်မလုံလို့ ထရပ်လိုက်တော့ ဟိုကောင်လေးလည်း ကုတင်အောက် ကျသွားတော့တယ်။

'အား ကျွတ် ကျွတ် ငါ့ခါး သေပါပြီ Le leader ဘယ်လိုလုပ်လိုက်တာလဲ'

အိပ်ပျော်နေတာကို ကုတင်ပေါ်က ကန်ချခံရလို့ စိတ်တိုနေတဲ့ ရုပ်လေးက ရီချင်စရာကောင်းပါတယ်။

ဦးစိတ်တိုက သူ့ကို ဘာမှမပြောပဲ ရေချိုးခန်းထဲဝင်သွားတယ်။

ညက Xiao Zhan ကြောင့် ခါးနာရလို့ ခုက ကလဲ့စားချေတာလားမှတ်ရပါတယ်။

ဟူး…… ဒီခေါင်းဆောင်ကြီးနဲ့ အလုပ်လုပ် ရဦးမယ်ပေါ့လေ။

###############

Xiao Zhan နဲ့ ကျန်းချန်တို့ လုပ်ငန်းခွင်မဝင်ခင်မှာပဲ ရုံးမှာ ဝန်ထမ်းအသစ်တွေကို ပေးတဲ့သင်တန်းဆယ်ရက် တက်လိုက်ရတယ်။

Engineer က 15ယောက်ရှိနေပြီး ရွာသူရွာသားတွေနဲ့ဆက်ဆံဖို့ ဆက်ဆံရေးကိုယ်စားလှယ်က 15ယောက်ရှိပါတယ်။

ဝန်ထမ်း အငယ်ကြီးပဲ အယောက်သုံးဆယ်ကို Team leader ဖြစ်တဲ့ Wang Yibo ရယ် အဖွဲ့ခွဲခေါင်းဆောင် သုံးယောက်ဖြစ်တဲ့ ဝမ်ဟောက်ရွှမ်းရယ် ဟိုက်ခွမ်းကောနဲ့ ရွယ်ရွယ်ကျဲ တို့ကပဲ သင်တန်းပေးကြတယ်။

Till The EndWhere stories live. Discover now