4 (*-.*)

3.5K 523 2
                                    

Zawgyi

ရွာကိုရောက်တဲ့အခါ ရွာလူကြီးက Xiao Zhan တို့ကိုထွက်ခေါ်ပါတယ်။ Leader နဲ့ ဝန်ထမ်းတွေနေဖို့ ကျေးရွာအုပ်စုရွာ မှာ သစ်သားအိမ်အကြီးကြီး တစ်လုံး ထားပေးပါတယ်။ ဝန်ထမ်း အဖွဲ့ခွဲတွေအလိုက် သက်ဆိုင် ကျေးရွာကို သွားပြီး အိပ်ချိန်မှ လူစုဖို့ Leader Wang ကမှာကြားလိုက်တယ်။ Leader နဲ့ ဟောက်ရွှမ်း ကော ကတော့ အငယ်ဆုံး နှစ်ယောက်တစ်ဖွဲ့ဖြစ်နေတဲ့ Xiao Zhan တို့ဆီမှာကျန်ခဲ့တယ်။

လျပ်စစ်မီးမရှိတဲ့ရွာလေးမို့ မီးထွန်းဖို့တော့ မီးသီးတွေ များများစားစားမရှိကြဘူး။ အိမ်အများစုက ဆိုလာ နဲ့ ဖယောင်းတိုင်ကိုပဲ အဓိက အားထားနေကြရတယ်။

'ဦးလေး ကျွန်တော်တို့ ညနေလောက် ရွာသူရွာသားတွေနဲ့ အစည်းအဝေးလုပ်လို့ ရမလား'

Leader Wang က ရွာလူကြီးကို မေးလိုက်တာဖြစ်တယ်။

'ရပါတယ် ဒါပေမယ့် ညက မှောင်ရင် တို့ဆီ မီးအလောက်မရှိဘူးကွဲ့'

'ရပါတယ် ကျွန်တော်တို့စီမံကိန်းအကြောင်း ရှင်းပြမယ် အဓိက ဘာတွေလိုအပ်လဲ မေးချင်တာရယ်။ နောက်ပြီး လုပ်ငန်းစ တဲ့အခါ ရွာသူရွာသားတွေ ကိုယ်တိုင် ပူးပေါင်း ပါဝင်နိုင်ဖို့လောက်ပဲ ပြောမှာဆိုတော့ ခနရယ်ပါ'

'ဒါဆို ညနေ ခေါ်လိုက်မယ်'

'လူဘယ်လောက်ခေါ်ခဲ့ရမလဲ'

'စီမံကိန်းအကြောင်း လူတွေသိစေချင်တာလေ များလေ ကောင်းလေ ပေါ့ ဦးလေး'

'ကောင်းပြီလေ'

##################

ညရောက်တော့ ဟောပြောပွဲလို လူတွေက အများကြီး ရောက်လာတာမို့ နားဖို့ပေးထားတဲ့ ခြံဝန်းထဲ အစည်း အဝေး လုပ်ကြတယ်။ ကလေးတွေရော သက်ကြီး ရွယ်အို တွေရော မုန့်ရောင်းတဲ့သူတွေပါ ရောက်လာတာမို့ ဈေးတန်း ကြီးလို ဖြစ်နေတယ်။

ဆူညံနေတဲ့ လူအုပ်ကြီးကို ကြည့်ပြီး Leader က သက် ပြင်းချတယ်။ ရွာလူကြီးကလည်း ဧည့်သည်တွေ အရိပ် အခြေ ကြည့်ပြီး ငြိမ်ငြိမ်နေဖို့ လော်နဲ့အော်ရတော့တယ်။

အစည်းအဝေးကို လုပ်တတ်အောင် ဆက်ဆံရေးကိုယ် စားလှယ် ဖြစ်တဲ့ ရှင်းချန်ကိုဦးဆောင်ခိုင်းပါတယ်။ လူကောင်သေးပေမယ့် တကယ်ပဲ လူတွေကို ပြောဆိုစည်း ရုံး နိုင်တဲ့စွမ်းရည်ရှိပါတယ်။ စီမံကိန်းကို ရွာသူရွာသား တွေက သဘောပေါက်လာတဲ့အခါ တစ်ယောက် တစ်ပေါက် လိုချင်တာတောင်းပါတော့တယ်။

Till The EndWhere stories live. Discover now