15 ~^-.^~

3.3K 470 12
                                    

Zawgyi

နည်းနည်းလောက် နောက်ကျရင်တောင် မမှီတော့မှာစိုးလို့ အမြန်ပြေးမိတယ်။ လမ်းမှာ ဆိုင်ကယ်တွေနဲ့လည်း တိုက်မိမလိုဖြစ်တော့ သူ့ကိုပြောဆို တာတွေကိုတောင် ပြန်မတုန့်ပြန်နိုင်တော့ပဲ ရုံးကို အမြန်ပြေးလာခဲ့ရတယ်။

ရုံးရှေ့ကို ရောက်တော့ ခြံတံခါးပိတ်နေတဲ့ Wang Yibo ကိုတွေ့ရတယ်။ ကားကလည်း စက်နှိုးထားသေးတယ်။ ဒါကသွားတော့မယ်ပေါ့လေ။

'Wang! Yi! bo!!!!!'

သူမရိုသေနိုင်တော့ဘူး နာမည်တစ်လုံးချင်းစီ အံ့ကြိတ်ကာ အကျယ်ကြီး အော်ခေါ်ပြီး လက်ထဲပါလာတဲ့ ဖုန်းနဲ့ ကျောပြင်တည့်တည့် ပေါက်ပြစ်လိုက်တယ်။

Wang Yibo လှည့်ကြည့်တော့ သူ့ကို ဒေါသတွေမီးတောက် နေတဲ့ မျက်ဝန်းနဲ့ ကြည့်နေတဲ့ အကောင်ပေါက်လေး ကိုတွေ့ရတယ်။

ဖိနပ်လည်း မပါဘူး ဘောင်ဘီတို အင်္ကျီလက်တိုလေး မောနေတဲ့ပုံ။ မျက်ရည်တွေကျနေပြီး နှုတ်ခမ်းကို ဖိကိုက်ထားသေးတယ်။ ပါးမို့မို့လေးတွေက ရဲနေသေးတယ်။ ဒေါသထွက်နေတာတောင် ချစ်ဖို့ကောင်းပါတယ်။

ဘာဖြစ်လာမှန်းမသိလို့ ဖုန်းကို ကုန်းကောက်ပြီး ဒေါသတွေကြီးနေတဲ့ သူဆီသွားရတယ်။

'အားကျန့် ဘာဖြစ်လာတာလဲ'

'ဘုန်း!!!!'

Xiao Zhan က သူ့ရင်ဘတ်ကို လွှဲရိုက်လိုက်တာ။ နောက်ထပ် လက်မောင်းတွေ ရင်ဘတ်တွေကို စိတ်ရှိသလောက် ထုရိုက်နေတော့ ဒေါသပြေအောင် ငြိမ်နေရတယ်။ ဘာတွေဖြစ်လာတာလဲ။

သူ့ကိုရိုက်လို့ ဝသွားတော့ မြေကြီးပေါ်ငုတ်တုပ်ထိုင်ပြီး အော်ငိုနေတယ်။ မျက်ရည်တွေ သုတ်ပေးချင်ပေမယ့် အသားကို စိတ်ရှိတိုင်းမထိကိုင်ရဲဘူး ဒီထက်ပို ငြိုငြင်မှာ စိုးလို့ပါ။

'ဘာဖြစ်လာတာလဲ ပြောပါဦး ကိုယ်ရင်တွေပူလို့ပါ'

'ခင်များ အကျင့်မကောင်းတဲ့လူ။ ပြောတော့ ကျွန်တော့်ကို ချစ်တယ်ဆိုပြီး ဘာလို့ အသိမပေးပဲ ပြန်ရတာလဲ ဘာလို့ထားခဲ့တာလဲ!!!!!!!'

'ကိုယ်က မင်းမသိချင်ဘူး ထင်လို့ပါ'

Xiao Zhan က သူ့စကားကို ကြားတော့ ဒေါသတွေကြီးလာပြီး သူ့လက်မောင်းကို ယူပြီးကိုက်ဆွဲတယ်။

Till The EndWhere stories live. Discover now