16 /)/).

3.2K 439 0
                                    

Zawgyi

ရွာဆင်းရမယ့်နေ့တွေပြန်ရောက်လာပြန်ပါတယ် Leader နဲ့ ဟောက်ရွှမ်းကောတို့ မလိုက်ရင်တောင် အဆင်ပြေ နေနိုင်ပေမယ့် ဝန်ထမ်းတွေနောက် ထပ်ပြီးလိုက်လာပြန်ပါ တယ်။ ဆိုင်ကယ်မစီးတတ်ဘူး ဆိုတဲ့အကြောင်းပြ ချက်နဲ့ပဲ Leader နောက်ကနေ Xiao Zhan က လိုက်ပါလာရပြန်ပါတယ်။

စီမံကိန်းစနေပြီ ဖြစ်တဲ့ရွာတွေကို ဝင်ကြည့်ပြီး ရွာအသစ်တွေကို လမ်းပြဦးလေးကြီး တွေနဲ့ အစည်းအဝေး လုပ်ဖို့ သွားရပြန်ပါတယ်။

ဒီတစ်ခါသွားတဲ့ ရွာက အရမ်းဝေလံလွန်းပါတယ်။ တောင်ပေါ်လမ်းတစ်နေရာကို ရောက်နေပြီးတော့ သဲတွေဖုံးလွှမ်းနေတဲ့ လမ်းကိုအရင်ဆုံး မြင်ရတယ်။ ဘေးမှာတော့ ကွင်းပြင်ထီးထီး ကြီးဖြစ်တယ်။

'ဆရာလေးတို့ သဲတွေကြား မောင်းလို့အဆင် ပြေပါ့မလား'

လမ်းပြဦးလေးက Leader နဲ့ ဟောက်ရွှမ်းကောကို လှည့်မေးတာဖြစ်ပါတယ်။ သဲတွေထူလွန်းတော့ ဆိုင်ကယ်ဘီး နစ်တာ ချော်တာ ဖြစ်တတ်လို့ မမောင်းတတ်ရင် မှောက်ဖို့ အလားအလာအများကြီး ရှိနေတာဖြစ်တယ်။

'ဖြည်းဖြည်းပဲစမ်းမောင်းရမှာပဲ မသွားလို့မှ မရတာ'

'အဲ့ဒါဆိုလည်း ဖြည်းဖြည်းသွားတာပေါ့ အရမ်းတော့ မနှေးနဲ့ ဆရာလေး နှေးလွန်းရင် ပိုမှောက်လွယ်တယ်'

လမ်းပြဦးလေးကြီးတွေနောက်က ဟောက်ရွှမ်းကောနဲ့ ရှင်းချန်က အရင်ထွက်တယ်။ Xiao Zhan တို့ကနောက်က လိုက်ဖို့ပြင်ရတယ်။

'အားကျန့် ဦးထုပ်မှန်ချထား သဲတွေမျက်လုံးထဲ ဝင်မယ်'

'ဟုတ် Leader'

Leader က ဆိုင်ကယ်ကို နိုင်နိုင်နင်းနင်း ထိန်းနိုင်လို့သာ မလဲတာဖြစ်ပါတယ်။ သဲကြားထဲဘီးက ထားရာမရောက်ပဲ slip တွေတောက်လျှောက် ဖြစ်နေပါတယ်။ ဆိုင်ကယ်ကြီး ဘယ်ညာ ယိမ်းထိုးနေသလိုဖြစ်တယ်။ Xiao Zhan ဆို လဲမှာစိုးလို့ လှုပ်တောင်မလှုပ်ရဲပါဘူး။

သဲဆိုတာ ပင်လယ်ကမ်းစပ် မြစ်ထဲမှာပဲ ရှိတယ်ထင်ခဲ့တာ။ တောင်သဲတွေ အပုံလိုက်ကို ဒီရောက်မှ မြင်ဖူးပါတယ်။

Till The EndOpowieści tętniące życiem. Odkryj je teraz