သူ့အသံကြားမှ လှည့်ကြည့်လာတယ်။ ဆည်းဆာချိန်နေရောင်အောက်မှာ အသားဖြူဝင်းဝင်းနဲ့ ထိုလူဟာ မျက်စိမလွှဲသာအောင် ကြည့်ကောင်းတာအမှန်ပဲ။

'လာ ဒီမှာ လာထိုင်ပါဦး'

Xiao Zhan သူ့ဘေးနားက နေရာလွတ်မှာ ဝင်ထိုင်လိုက်တယ်။

'ကိုယ်တို့ ပြန်ဖို့လေ ဟောက်ရွှမ်းကို boat လာပို့ခိုင်းမလို့ တူးမြောင်းထဲ speedboat အဆင်ပြေမပြေလာကြည့်တာ'

'ရလောက်လား'

'ဟင့်အင်း'

'ဟင်!'

'အဟွန်း...... စိတ်မပျက်ပါနဲ့ မြစ်ဝထိ ရွာက စက်မဲ့လှေနဲ့ လိုက်ပို့ခိုင်းပြီး မြစ်ဝရောက်မှ ပြောင်းစီးလို့ရတယ်လေ'

'ရွာက လမ်းပန်းဆက်သွယ်ရေး ခက်ခဲလိုက်တာ'

'ဟုတ်တယ် အဲ့ဒါကြောင့်ပဲ အနစ်နာခံပြီး ဒီမှာစီးပွားရေး လုပ်ချင်တာ

သူတို့အတွက် အလုပ်အကိုင် အခွင့်အလမ်းတွေ ရအောင်'

မြင်နေရတဲ့ မျက်နှာတစ်ခြမ်းကို ငေးကြည့်ဖြစ်တယ်။ သူဌေးသားဖြစ်ပါလျက် ကိုယ်တိုင်လည်း လုပ်ငန်းတွေကို ဦးစီးနိုင်ပါလျက်နဲ့ ဝေလံခေါက်းဖျားတဲ့ အရပ်ကလူတွေအတွက်ကို သက်သက်သာသာမနေပဲ စဉ်းစားပေးနေတာကို မချီးကျူးပဲမနေနိုင်ပါဘူး။

သူသာချမ်းသာရင် ခုလိုလုပ်နိုင်ပါ့မလား ကလပ်ပဲရောက်နေမလား မိန်းကလေးတွေနဲ့များ ပွေးနေမိမလား မသိဘူး။

'ဘာလို့ ပြုံးနေတာလဲ'

'......'

'အဲ့လို ပြုံးတာ ကိုယ့်ကို တစ်ကယ်ပဲ ဒုက္ခရောက်စေတယ်နော် နှလုံးခုန် ရပ်စေချင်လို့လား'

ပိုပိုကဲကဲတွေပြောနေမှန်းသိတော့ ပိုလို့ရီချင်ပါတယ်။

'အားကျန့် ဒီဘက်တိုးပါဦး'

Xiao Zhan အနားကို တိုးထိုင်ပေးတော့ သူ့မျက်နှာကို အနီးကပ်ငေးပြန်တယ်။

'အားကျန့်'

'ဟင်'

'အဲ့ဒီညက ပြောခဲ့တာကို မေ့ပြစ်လိုက်တာလား'

သူမျက်လုံး သူ့အမူအယာကို တစ်ချက်မလွတ် လိုက်ငေးနေတဲ့သူက စိုးရိမ်စိတ်တွေရှိနေမှန်းသိပါတယ်။

Till The EndWhere stories live. Discover now