Part-28

15.8K 1.6K 114
                                    

Unicode

ပါတီပွဲတွင်အစာများသွား၍ မအီမသာဖြစ်နေသည့် မြူဇံ့ကိုကြည့်၍ စိုးရိမ်လွန်နေသူက သူဖြစ်သည်။ ကိတ်မုန့်တွင် ခရင်မ်အရမ်းသွားသည်။ ချိုသည်ဆိုပြီး ငနဲလေးက ခရင်မ်တွေပဲလိုက်စားတာ ယခုတော့မအီမသာဖြစ်နေပြီ။

"အင့်...ဗိုက်နာတယ်"

"ခဏလေး ကိုယ်ရေနွေးအိတ်ယူပေးမယ်"

မွေးနေ့ပါတီသို့ပြန်မသွားဖြင့်တော့ဘဲ ဘုန်းယံချွန်ကိုသာ ဧည့်ခံထားရန်မှာနေတော့၏။ မည်သူကမှ ဒီကောင်လေးလောက်အရေးမကြီး။ တစ်ခုခုဖြစ်ပြီဆိုလျှင် သူ့ထက်ဘယ်သူက ရင်ပူနေလို့လဲ။

"ရပြီ ရေနွေးအိပ်ကို ဗိုက်ပေါ်မှာကပ်ပေးမယ်"

ချွေးပြန့်နေသော နဖူးကိုဖွဖွလေးသုပ်ပေး၍ တင်းနေသောဗိုက်ပေါ်တွင် ရေနွေးအိတ်ကပ်ပေးလိုက်သည်။

"ခဏနေကျရင် သက်သာလာလိမ့်မယ် ဒီအတိုင်းပဲနေနော်"

ကိုးလ်၏စကားကို အမြဲတမ်းနာခံသည့်ကလေး။ ကိုးလ်ရဲ့လက်မောင်းကိုဆွဲ၍ အတူအိပ်ရန်ဆိုလေသောကြောင့် လည်း မငြင်းသာတော့ဘဲ ထိုကောင်လေးအနွေးဓာတ်ရအောင် ဘေးနားတွင်လှဲချ၍ ထွေးပွေ့လိုက်၏။ အနမ်းဖွဖွများကလည်း မြူဇံ၏မျက်နှာအနှံ့ ဖြန့်ကျန့်ပေးလိုက်သည်။

ဗိုက်နာတာသက်သာလာသည့်မြူဇံတွင်တော့ အပြုံးဖျော့ဖျော့လေးပြုံး၍ မှေးစက်နေ၏။ ပြီးတော့နူတ်ခမ်းကတိုးတိုးလေးရေရွတ်လိုက်သည့်စကားတစ်ခွန်းက" သားလိုနေတာ ဒီလိုအနွေးဓာတ်ပဲ"ဆိုပြီးတော့။

__________________________________

ဘုန်းယံချွန်ဆိုသည်မှာ ပါတီပွဲတွင် အရက်မသောက်စဖူးအသောက်ထူး၍ မူးနေတော့သည်။

"အေ့... ဒီမှာတစ်ခွက်"

"တော်ပြီလေ ဧည့်သည်တွေအကုန်ပြန်ကြပြီ"

မစ္စတာခွန်လီက ဘုန်းယံချွန်ကိုတွဲထိန်းထားရင်း အခန်းထဲပြန်ပို့ပေးနိုင်ရန်ကြိုးစားတော့သည်။

"ရဝူး...အေ့ ထပ်သောက်မယ် ဘဒူလဲ ငါ့ကိုတားတာ"

"မဟုတ်ပါဘူး ဝန်ထမ်းတွေလည်းပင်ပန်းနေကြပြီ၊ ပစ္စည်းတွေအကုန်သိမ်းပြီ"

[ကိုးလျ]ကိုးလ် [Complete] Where stories live. Discover now