Part-14

16.8K 2.1K 113
                                    

[Unicode]

မြူဇံ့ကို စာအုပ်ဆိုင်အထိပြန်ပို့ပေး၍ သူအိမ်ပြန်လာခဲ့သည်။ လမ်းမထက်တွင် ဖြစ်ပျက်ခဲ့သောအဖြစ်အပျက်များကို ပြန်တွေးမိ၍ မျက်နှာများရဲတက်သွား၏။ ထိုခံစားချက်လေးက တစ်ခါမှမခံစားဖူးခဲ့သောအရာ၊ထိုခံစားချက်ဟာ ကောင်း၍တိမ်ပေါ်ရောက်သွားသလို။ နူးအိသော နူတ်ခမ်းထူထူလေးက သူ့နူတ်ခမ်းသားထက်ပြေးလွှားတိုင်း ခြေဖျားလက်ဖျားများအေးစက်သွားသည်။

မတွေးလည်း ခေါင်းထဲအလိုလိုပြန်ရောက်လာ၍ ငြင်းပယ်လိုက်သေး၏။ ဤတစ်နေ့လုံး ထိုစိတ်က သူ့အားနှောက်ယှက်ရန်ရှိလေသည်။ စီးကရက်လိပ်ခဲ၍ လာရာလမ်းအတိုင်းပြန်လှည့်ခဲ့၏။ လမ်းထောင့်တစ်ခုတွင် စိုင်းခမ်းနှင့် တိုးသောကြောင့် သူခြေလှမ်းများရပ်တန့်သွားသည်။

"ကိုးလ်...ဘယ်လာတာလဲ.."

"ခွေးပေါက်လေး လမ်းပျောက်နေလို့ ပြန်လိုက်ပို့တာ..."

သူခပ်တည်တည်သာပြော၍ ဆေးလိပ်ငွေ့များ မှုတ်ထုတ်၏။

"သြော်..ဟိုတစ်ခါက အစာထိုင်ကျွေးတဲ့ အကောင်ပေါက်လေးလား..."

ကိုးလ်သည် မသိမသာခေါင်းလေးသာညိတ်ပြ၍ စိုင်းခမ်းအားကြည့်လေ၏။

"မင်းရော..ဘယ်လာတာလဲ..."

"ကလေးပျောက်လို့ လိုက်ရှာနေတာ..."

"တွေ့ပြီလား..."

"တွေ့ပြီတဲ့ အခုသူ့ကိုသွားကြည့်မလို့.."

"..............."

"ဒီည သောက်ရအောင် ဘယ်လိုလဲ..."

ကိုးလ်လည်း ပိုက်ဆံပြတ်နေသောကြောင့် ခေါင်းညိတ်လိုက်သည်။ Clubမသွားဖြစ်တာလည်း ကြာနေပြီဖြစ်သော၍ ကော့တေးများကိုလည်း သူလွမ်းနေပြီ။ ထို့နောက် စိုင်းခမ်းကိုနူတ်ဆက်၍ အငှားကား တားလိုက်သည်။

တောင်တက်ရမှာ ပျင်းသောကြောင့် ကားငှားလိုက်ခြင်းဖြစ်၏။ တွေ့တိုင်း မိမိအားဒုက္ခပေးသော ထိုကောင်လေးကို နောက်တစ်ခါ ထပ်ပြီးမပတ်သတ်မိအောင် သူဆင်ခြင်ရမည်။ ကားထဲဝင်မှ သွားတိုက်တံထပ်ဝယ်ရန်သတိရတော့၏။ အရူးကောင် မွဲနေသည့်ကြားက သွားတိုက်တံပါ ဓားမြတိုက်သွားသေး၏။ သူစိတ်တိုတိုဖြင့် စတိုးဆိုင်ထဲဝင်လေတော့၏။

[ကိုးလျ]ကိုးလ် [Complete] Where stories live. Discover now