Part-21

16.8K 1.9K 160
                                    

Unicode

အနောက်ကသိုင်းဖက်၍ မိမိအားတောင်းပန်နေသော လူတစ်ယောက်ကြောင့် မြူဇံအနောက်လှည့်ကြည့်ကာ သူ့အားမော့ကြည့်မိသည်။ မြူဇံ၏ အမေးအား သိနေဟန်တူသည့် သူက...

"မင်းဆီက ခွင့်လွတ်မှုတွေကို လာတောင်းခံတာပါ"တဲ့...။ သူ့အား မြူဇံမမှတ်မိပါ။ ဆေးလာတိုက်သည့် မမချောများကိုပင် မြူဇံကောင်းစွာ မမှတ်မိ။ တစ်ခါတစ်လေ ဦးနှောက်က ပုံမှန်အလုပ်မလုပ်သောကြောင့် မြူဇံ၏ မှတ်ဥာဏ်များဟာ မည်သည့်အရာကိုမှ လက်မခံ၊ မမှတ်မိပေ။

သို့သော်လည်း ကြေကွဲရိပ်သန်းနေသော အကြည့်များကြောင့် သူ၏မျက်ဝန်းများနှင့်ရင်းနှီးခဲ့သလိုပင်။ ဆံပင်များကြား မျက်နှာအပ်၍ ကြွေကွဲနေသော သူ့ကြောင့် မြူဇံစိတ်များကျဥ်းကျပ်လာ၏။ထို့ကြောင့် တင်းကျပ်စွာထွေးပွေ့ထားသော လက်အားမြူဇံတွန်းဖယ် လိုက်သည်။

"တောင်းပန်ပါတယ်...မင်းအနေခက်အောင်လုပ်မိပြီ...။ ကိုယ်တို့အိမ်ပြန်ရအောင်နော်...။ ကိုယ်မင်းကိုပြန်လာခေါ်တာ...အိမ်ပြန်ရအောင်..."

ကိုးလ်လက်ကမ်းလာသော်လည်း အနောက်ဆုတ်သွား၍ မယုံသောအကြည့်ဖြင့် ကိုးလ်အားကြည့်နေသောသူ။ အရှေ့တိုးလာမိတိုင်း မြူဇံအနောက်တစ်လှမ်းထပ်ဆုတ်၍ သူ့အားကြောက်ရွံ့သောအကြည့်ဖြင့် မလိုလားသည့်ပုံပေ။ သူကြေကွဲရလေပြီ၊ သူနာကျင်ရလေပြီ။

ဝုန်း!

"ခင်ဗျားပြောစမ်း!!! သူ့ကိုဘာလုပ်လိုက်တာလဲ..."

"အစ်...ဘာ..ဘာမှ...မလုပ်ပါဘူး...အစ်...အဟွတ်..."

ဘေးနားရှိသူနာပြုအား ကိုးလ်သူလည်ပင်းထညှစ်၍ ဒေါသမျက်လုံးများဖြင့်မေးသည်။ ယခင်ကဆိုလျှင် သူ့ကို့မြင်သည်နှင့်မြူဇံက အတင်းလိုက်ကပ်သောကောင်လေးဖြစ်သည်။ ယခုအခါ သူ့ကိုကြောက်ရွံနေသည်က သွေးရိုးသားရိုးမဟုတ်။ ဧကန္တသူတို့၏ လက်ချက်ကြောင့် သူ့အားဤသို့ ဆက်ဆံနေသည်ဟု သံသယဝင်လာသည်။

"ပြောလေ!! ပြော!!"

ဝုန်း!!!

သူနာပြုအား ကြမ်းပြင်ပေါ်တွင်တွန်းချ၍ သူအရှေ့တိုးလာ၏။

[ကိုးလျ]ကိုးလ် [Complete] Where stories live. Discover now