'မရတော့ဘူး ဒီခံစားချက်တွေ ပြန်နှုတ်ယူလို့ မရတော့ဘူး'

Leader က သူ့ရှေ့မှာ ငိုးကြွေးတဲ့ အခါ Xiao Zhan ကိုယ်တိုင်လည်း နာကျင်ရတယ်။ သူ့မျက်ဝန်းမှာ ဝေ့သီလာတဲ့ မျက်ရည်တွေကို အနိုင်နိုင် ပုတ်ခတ်နေရတယ်။

'မင်းကို ပြန်ချစ်ပေးဖို့ မတောင်းဆိုပါဘူး။ တစ်ခုပဲ ကိုယ့်ကိုဒီထက်ပိုပြီး ရှောင်ဖယ်မနေပါနဲ့လား။

မင်းကို မထိတွေ့မိအောင် နေမှာမို့ ကိုယ့်ကို ရွံမသွားပါနဲ့ မမုန်းပါနဲ့ တောင်းပန်ပါတယ်။

မင်းကို လက်ဖျားနဲ့တောင် ထိတော့မှာ မဟုတ်လို့ စောင့်ရှောက်ခွင့်လောက်တော့ပေးပါ'

Leader Wang က အသံတွေပါ တုန်ယင်ကာ ခခယယ တောင်းဆိုလာတာဖြစ်တယ်။ သူ့စိတ်တွေလည်း ရှုပ်ထွေးပြီး နောက်ကျိလာတယ်။ Leader ရဲ့မျက်ရည်တွေကို မမြင်ချင်ဘူး။

'တော်ပါတော့ဗျာ မငိုပါနဲ့'

Xiao Zhan လက်က သူကိုယ်တိုင်တောင် မသိလိုက်ခင်မှာပဲ သူ့ရှေ့က အူလှိုက်သဲလှိုက် ငိုကြွေးနေတဲ့သူရဲ့ ပါးပေါ်က မျက်ရည်တွေကို သုတ်ပေးမိတယ်။

သူ့လက်က ပါးကို အထိမှာ ငိုနေတဲ့ကလေး လိုချင်တာ ရသလို ချက်ချင်း အငိုရပ်သွားပြီး သူ့မျက်နှာကို တစ်ချက်မလွတ်လိုက်ကြည့်နေတယ်။

Leader က သူ့ပါးပေါ်က လက်ကို ဖွဖွလေး ဆွဲယူပြီး

'ကိုယ် အချိန်တွေ အကြာကြီး စောင့်ဆိုင်းနိုင်ပါတယ်။ အကြောင်းပြချက်ကို သိချင်လာတဲ့နေ့ ကိုယ့်ကို ရှင်းပြခွင့်ပေးပါ။ မင်းကိုချစ်တယ် မင်းတစ်ယောက် တည်းကိုပဲ ပထမဆုံးနဲ့ နောက်ဆုံးအနေနဲ့ ချစ်ခဲ့မိတာပါ။ ကိုယ့်စိတ်ရင်းကို အချိန်တွေနဲ့ရင်းပြီး မင်းနားလည် အောင် ပြသပါ့မယ်။

ရှေ့ရက်တွေတုန်းကလို ကိုယ့်ကိုရှောင်ဖယ်မနေပါနဲ့။ ကိုယ် ရူးမတတ်နာကျင်ရလို့ပါ။ မင်းကိုဘယ်လို အခွင့်အရေးမျိုးမှ မယူမိအောင် ထိန်းသိမ်းမှာမို့ ကိုယ်မင်းကို ဂရုစိုက် စောင့်ရှောက်ခွင့် လေးရှိပါရစေ'

'……'

Xiao Zhan ခေါင်းညိတ်ပြတော့ Leader က သူ့လက်ကိုလွှတ်ပေးပြီး ပြုံးပါတယ်။

Till The EndUnde poveștirile trăiesc. Descoperă acum