'ကိုယ့်ကို……… မေးစရာ မရှိဘူးလား'

မေးစရာ? ရှိတာပေါ့ ခုန မိန်းကလေးက ဘယ်သူလဲ ကလေးဆိုတာကရော။ နောက်ပြီး သူနဲ့ပါတ်သတ်မှု!

ဒါပေမယ့် သူမမေးချင်ဘူး မေးရင်ဖြေလာမယ့် အကြောင်းပြချက်ဟာ ဘာတွေပဲ ဖြစ်နေနေ ကလေးရှိတယ် အမျိုးသမီးရှိတယ် ဆိုတာတွေက ပြောင်းလဲသွားမှာမှမဟုတ်တာ။

'မရှိပါဘူး Leader ဖြစ်နိုင်ရင် ရှေ့ trip တုန်းက ဖြစ်ပျက်ခဲ့တာတွေကို မေ့ပစ်လိုက်စေချင်ပါတယ်။'

'……'

Xiao Zhan ကွေ့ဝိုက်မနေတော့ပဲ အပြီးဖြတ်ဖို့ စဉ်းစားလိုက်တယ်။ သူ့နှလုံးသားက နာကျင်နေပေမယ့် သူနှလုံးသားထက် သူ့ကိုယ်သူ ပိုပြီးတန်ဖိုးထား ချင်မိပါတယ်။

'အဲ့ဒီနေရာမှာ ဖြစ်ခဲ့ကြတဲ့အရာ ဒီတိုင်း… ကြုံကြိုက်လို့ ဖြစ်လာခဲ့တာလို့ပဲ သဘောထားလိုက်ပါ။ ကျွန်တော့်အတွက်လည်း စိတ်ကစားရုံ သက်သက် ဖြစ်ခဲ့တာ'

'……'

Xiao Zhan အပြောကို Leader က ပြန်မဖြေပဲ ပြုံးပါတယ်။ မျက်ဝန်းထဲမှာ မျက်ရည်စတွေနဲ့ နာနာကျင်ကျင်ပြုံးပြီး ခေါင်းတစ်ဆတ်ဆတ်ညိတ်ပါတယ်။

'စိတ်ကစားရုံတဲ့လား
ကိုယ်…… မင်းဆုံးဖြတ်ချက်ကို လိုက်နာပါ့မယ်
ဒါပေမယ့် တစ်ခုတော့ သိစေချင်တယ်။
ကြုံကြိုက်လို့ မင်းကို နမ်းခဲ့တာမဟုတ်ပါဘူး
အကြိမ်တစ်သောင်းလောက် ဖြစ်ပေါ်လာတဲ့ စိတ်ခံစားချက်တွေကို ခက်ခက်ခဲခဲ ထိန်းချုပ်ပြီးမှ
မတတ်နိုင်တော့လို့ ချဖြစ်ခဲ့တဲ့ ဆုံးဖြတ်ချက်ပါ'

ကိုယ် မင်းရဲ့ နှုတ်ခမ်းကို ရူးမတတ် နမ်းချင်လွန်လို့ မတွေဝေတော့ပဲ နမ်းရှိုက်ခဲ့မိတာ

မင်းအတွက် မလေးနက်ပေမယ့် ကိုယ့်အတွက် အဓိပ္ပါယ်အများကြီးရှိတယ်'

'……'

'မင်းမသိချင်ပေမယ့် ပြောပြချင်တယ်

ကိုယ် မင်းကို ချစ်တယ်

မင်းကို ချစ်လို့ နမ်းရှိုက်ခဲ့တာ'

'Leader!'

Xiao Zhan စကားအမြန် ပိတ်ချလိုက်ရတယ်။ ဒီစကားက ဘယ်ထိသွားလဲ Leader တစ်ကယ်ပဲ နားမလည်ဘူးလား။

Till The EndWhere stories live. Discover now