Uni

ရွာတွေက ပြန်လာကတည်းက Xiao Zhan လည်း Leader ကို မသိမသာပဲ မဆုံဖြစ်အောင် ရှောင်နေဖြစ်တယ်။ နမ်းဖြစ်တဲ့ ကိစ္စကိုလည်း ဘာမှမဖြစ်ခဲ့သလို မေ့ထားလိုက်တော့တယ်။

ရွာက ပါလာတဲ့ project တွေကို အသေးစိတ် design, estimate နဲ့ BQ တွေအကုန် တာဝန်ခံ Engineer ကပဲပြင်ဆင်ရတာမို့ အသည်းအသန် အလုပ်ထဲစိတ်နှစ်ရပါတော့တယ်။ ခုလိုရက်က သူတို့လို engineer တွေပင်ပန်းလွန်းတဲ့အချိန်ဖြစ်တယ်။

ခုလည်း အလုပ်စားပေါ် Laptop ရယ် စာရွက်စာတမ်းတွေနဲ့ ပြည့်ကြပ်နေပြန်ပါတယ်။

အလုပ်လုပ်နေရင်းပဲ နှာခေါင်းက coffee နံ့ရတဲ့အခါ အလိုလိုခေါင်းထောင်လာရတယ်။ ဒီမြို့ကိုရောက် ကတည်းက နှပ်ကော်ဖီ မသောက်ရတော့တာ ဖြစ်တယ်။ ready made အထုပ်တွေက သူမကြိုက်တာနဲ့ ကျောင်းတက်တုန်းက စွဲလာတဲ့ coffee တောင် ပြတ်မလိုဖြစ်နေခဲ့ရတာ။

ခေါင်းထောင်ကြည့်တော့ သူ့စားပွဲအစွန်းမှာတင်ထားတာ ဘူးမှာလည်း Xiao Zhan ရဲ့ပုံစံ အရုပ်လေးဆွဲထားပြီး 'မင်းအတွက်' လို့ပါရေးထားတယ် ။ ဘယ်သူက လာပို့ထားတာလဲ။ သူ့ကိုပေးတာမလား ဘူးလေးကို လှည့်ပါတ်ကြည့်ပြီး ဒီတိုင်းပြန်ထားရမှာတောင် နှမြောလာပြီဖြစ်တယ်။

အနီးအနားကို လှည့်ပါတ်ကြည့်တော့လည်း လူတွေက သူ့အာရုံနဲ့သူမို့ သူလည်းတွေးမနေတော့ပဲ သောက်လိုက်တော့တယ်။

#################

အလုပ်တွေက မပြီးတော့ အဆောင်ရောက်တာတောင် မနားနိုင်သေးပဲ အလုပ်ဆက်လုပ်ရတယ်။ ကျန်းချန်နဲ့ သူက နှစ်ယောက်တစ်ခန်း နေရတာဖြစ်တယ်။ နှစ်ထပ် ကုတင်ဘေးက စားပွဲတစ်ယောက်တစ်လုံးနဲ့ အပြိုင် လုပ်နေရတာဖြစ်တယ်။

'ဟာ! သွားပြီ'

'ဘာဖြစ်တာလဲ Xiao Zhan'

'ငါ့ file တွေထည့်ထားတဲ့ external hard disk ရုံးမှာ ကျန်ခဲ့တယ်။ စိတ်ညစ်တယ် ဒီည တစ်ခုအပြီးသတ်မလို့ပါဆိုမှ'

 'Laptop ထဲမှာ မရှိတော့ဘူးလား'

'ငါခုန ထပ်ပြီး modify လုပ်လိုက်တာ မှားသွားလို့ မူးရင်း file ပြန်လိုချင်တာ'

'……'

'……'

Xiao Zhan တစ်ကယ်စိတ်ညစ်တာ။ နောက်တစ်ခေါက် နယ်ပြန်ဆင်းရတော့မယ် ဒါတွေပြီးနေမှ project အသစ်က ထပ်လုပ်လို့ရမှာ ခုနှစ်နာရီပဲရှိသေးတာလေ ညတစ်နာရီလောက်ထိဆို အချိန်တွေကျန်နေသေးတယ်။

'ကဲ အာ့ဆိုလဲ ထကွာ။ ငါလိုက်ပို့ပေးမယ်။ ရုံးမှာ Leader နဲ့ အဖွဲ့ခွဲခေါင်းဆောင်တွေရှိနေတာပဲ။ တံခါးဖွင့်ခိုင်းပြီး သွားယူကြမယ်'

'အင်း'

##################

ရုံးရောက်တော့ တံခါးတောင် မပိတ်သေးတာဖြစ်တယ်။ ခြံရှေ့မှာကားတစ်စီးလည်းရပ်ထားတာမို့ နှစ်ယောက်လုံးအံ့သြရတယ်။ ဒီမှာ အားလုံးက ဆိုင်ကယ်ပဲ စီးကြတာလေ။

ဆိုင်ကယ်နဲ့ လာတာမို့ ကျန်းချန်က အပြင်မှာ ကျန်ခဲ့ပြီး သူပဲဝင်လာတယ်။

'ဒီဗိုက်ထဲက ကလေးက နင့်ကလေးပါ Yibo ရယ် ငါ့ကိုအဲ့လောက်ထိ မရက်စက်ပါနဲ့လား နင့်အကိုကိုလည်းအားနာပါဦး'

Xiao Zhan ရုံးပေါက်ဝကိုအရောက် ကြားလိုက်ရတာဖြစ်တယ်။ ရွယ်ရွယ်ကျဲရယ် Leader ရယ် တစ်ခြားမိန်းကလေးတစ်ယောက်ပါရှိနေတာ။ ခုနစကားကို ထိုမိန်းကလေးပြောလိုက်တာဖြစ်တယ်။

'ကျန့်ကျန့် ဘာလိုချင်လို့လဲ'

ဘာလုပ်ရမှန်းမသိ ကြောင်အအ ရပ်နေတဲ့သူကို ရွယ်ရွယ်ကျဲက မေးလိုက်တာဖြစ်တယ်။

 'ဟုတ်ကျဲ hard disk လာယူတာ'

'ယူလေ ကျန့်ကျန့်'

'ဟုတ်'

Xiao Zhan လည်း မထူးတော့တာမို့ အခန်ထဲအမြန်ဝင်ပြီး ယူစရာရှိတာ ယူလိုက်တယ်။ မြန်မြန်ယူပြီး မြန်မြန်ပဲပြန်ထွက်လာခဲ့တယ်။ Leader ကတော့ သူ့ကို စူးစူးရဲရဲလိုက်ကြည့်နေတာ ဖြစ်တယ်။

Leaderက အိမ်ထောင်ရှိနေတာလား။ မပြေလည်တဲ့ အိမ်ထောင်ရေးအတွက် အစားထိုးဖို့ ကျိုးစားခဲ့တာလား။

ဒါမှမဟုတ် သူနဲ့ မျှဝေခဲ့တဲ့အနမ်းဟာ ကြုံကြိုက်လို့ ပေးခဲ့ရုံသက်သက်ပဲလား။ အလေးအနက် စိတ်ခံစားချက် မထားဖို့ သူ့ကိုယ်သူရော ကျန်းချန်ရော သတိပေးနေတဲ့ကြားက ခုလိုကြားလိုက်ရတော့ ရင်ဘတ်ထဲက နာပါတယ်။ တန်ဖိုးထားမခံရလို့ ပိုပြီး နာကျင်ရတယ်။ ဒါဟာ သူရဲ့ ပထမဆုံးရင်ခုန်သံ ပထမဆုံးအနမ်းပါ။ တစ်ဖက်လူက တန်ဖိုးထားဖို့တော့ ကောင်းပါတယ်။

အပြန်လမ်းဟာ မျက်ရည်တွေ ခိုးကျကာ ပြန်ခဲ့ရပါတော့တယ်။

###############

Till The EndWhere stories live. Discover now