"လျှောက်မတွေးပါနဲ့ ဂျီမင်ရယ်... မင်းတယောက်တည်းရဲ့အမှားမှမဟုတ်တာ ငါလည်းပဲဒီကိစ္စမှာပါ၀င်နေတာပဲ"

"ဒါပေမဲ့ကျွန်တော်က ဟယ်ဆူ့ရဲ့ခေါင်းကိုပန်းအိုးနဲ့.."

"ခန!! ဂျီမင်... မင်းကဟယ်ဆူ့ရဲ့ခေါင်းကိုပန်းအိုးနဲ့ရိုက်ခဲ့တာလား..."

ဂျီမင်ခေါင်းကိုငြိမ့်ပြလိုက်သည်..

"သူသေရတာ အဲ့ဒီခေါင်းကဒဏ်ရာကြောင့်မဟုတ်ဖူး.. ဂျီမင်"

"ဟင်??"

'ဟုတ်တယ် မှားစရာအကြောင်းလုံး၀မရှိဘူး.. ကမ်ဟယ်ဆူသေဆုံးရတဲ့အကြောင်းအရင်းကအသက်ရှူကျပ်ပီးသေဆုံးရတာ.. ဂျီမင်ကခေါင်းကဒဏ်ရာကိုပဲလုပ်ခဲ့တာဆိုရင် ဟယ်ဆူသေတာဘယ်သူ့ကြောင့်လဲ.. ဒီကိစ္စကို ငါရယ် ဂျီမင်ရယ် နမ်ဂျွန်းရယ်ပဲသိတာ.. ငါနဲ့ဂျီမင်မဟုတ်ဘူးဆိုရင်.. ဧကန္တနမ်ဂျွန်များလား.. ဟင့်အင်မဟုတ်လောက်ဘူးမလား.. သူနဲ့ဟယ်ဆူကချစ်သူတွေလေ.. ဟယ်ဆူ့ကိုသူကိုယ်တိုင်သတ်တာကတော့ဘလိုနည်းနဲ့မှ...ငါမေ့သွားတယ်နမ်ဂျွန်း.. ဒါမင်းရဲ့ပထမဆုံးအကြိမ်လူသတ်မှုမှမဟုတ်ပဲ.. သွေးသားအရင်းကိုတောင်မင်းသတ်ပစ်နိုင်ခဲ့သေးတယ်မဟုတ်လား..'
.
.
.
.
.
.
.
"နမ်ဂျွန်း မင်းဟယ်ဆူ့ကိုသတ်လိုက်တာမဟုတ်လား"

ကော်ဖီခွက်ကိုကိုင်ထားတဲ့နမ်ဂျွန်းရဲ့လက်တွေဟာရပ်တန့်သွားသည်..

"ဟုတ်နေတာပဲ မင်း မင်းဘလိုလုပ်ပီးတော့...."

'နမ်ဂျွန်းရယ် မင်းဘယ်တုန်းကဒီလိုမျိုးဖြစ်သွားရတာလဲ.. မင်းချစ်ရတဲ့သူတွေကိုမင်းကိုယ်တိုင်ဘလိုစိတ်နဲ့များသတ်ပစ်ရက်နိုင်တာလဲ'

"ဟုတ်တယ်... ငါသတ်လိုက်တာ"

"မင်းဘာလို့ငါ့ကိုမပြောခဲ့တာလဲ ငါကမင်းရဲ့အချစ်ဆုံးသူငယ်ချင်းမဟုတ်လား.. အနည်းဆုံးငါ့ကိုတော့မင်းပြောပြသင့်တယ်လေ.. ပီးတော့ဂျီမင်... သူမင်းကိုဘလောက်ထိချစ်တယ်ဆိုတာမင်းသိရက်နဲ့သူ့အပေါ်ဘလိုများအပြစ်ပုံချရက်ရတာလဲ.."

ထိုနေရာဟာနောက်တကြိမ်ပြန်ပီးအေးစက်သွားပြန်သည်.. ၀မ်းနည်းစွာနဲ့မျက်ရည်ကျနေတဲ့ဟိုဆော့ရယ်.. မျက်နှာကြက်စီကိုသာအကြည့်ပို့ထားတဲ့နမ်ဂျွန်းရယ်.. နှစ်ယောက်လုံးစီမှာတော့တူညီတဲ့အတွေးတခုတော့ရှိမှာသေချာသည်..

Only you (Complete)Where stories live. Discover now