အပိုင်း (၂၇)

2.4K 106 2
                                    

အငြိမ်းစားဆရာမကြီး ဒေါက်တာသစ်တယောက်
ဈေးကနေအထုပ်မျိုးစုံနဲ့ တရွေ့ရွေ့ပြန်လာနေရသည်
နေကလည်းပူသည်မို့ ခြေလှမ်းခပ်မြန်မြန်လျှောက်နေ
သော်လည်း ထင်သလောက်ခရီးကမပေါက်
အိမ်မှာခေါ်ထားတဲ့ တူမကလည်းအိမ်ထောင်ကျ
သွားသည်ကြောင့် အိမ်ကိစ္စအဖြာဖြာ ကိုယ့်ဘာသာ
လုပ်နေရသည် ငယ်ငယ်ကဆိုဘွဲ့တွေဒီဂရီတွေယူ
ဖို့ကြိုးစားရ အလုပ်ရပြန်တော့လည်းသွက်လတ်စွာနဲ့
စိတ်မြန်လက်မြန် အလုပ်တစ်ခုတည်းအပေါ်အာရုံ
စိုက်နေခဲ့တော့ အခုချိန်တစ်ကိုယ်တည်းအပျိုကြီးပေ

ဒါပေမဲ့ ဒေါက်တာသစ်ကတော့ နောင်တမရှိ ပူစရာမရှိ
အေးဆေးစွာဖြတ်သန်းနေဆဲ

" အမလေး ရောက်လာပြီ "

မိမိတိုက်အိမ်လေးကိုကြည့်ရင်း အမောဖြေနေတုန်း
လူတစ်ယောက်က အမြင်အာရုံထဲဝင်လာသည်

" နေ့နေ့လား "

" တီချယ်ကြီးပြန်လာပြီလား ကျနော့်ကိုခြင်းတောင်းပေး "

" အမလေး ငါအိပ်မက်မက်နေတာများလားသားရယ်"

" ကျောင်းကိစ္စနဲ့ပါ မနက်ပြန်မှာမို့ တီချယ်ကြီးကို သတိရတာနဲ့လာတွေ့တာ "

" သားမဟာတန်းပြီးပြီမလား ပြန်မလာသေးဘူးလားကွယ် လာလာအထဲဝင်ရအောင် "

" ဟိုမှာအလုပ်ဝင်နေတယ်လေ ခဏနားပြီးတာနဲ့ PhDဆက်တက်ရင်ကောင်းမလားလို့ "

" ကောင်းပေမဲ့ သားအစ်ကိုကိုသွားကြည့်ပါဦး "

" သူဘာဖြစ်လို့လဲ "

နေ့အလင်း ကိုယ့်ကိုယ်ကိုထိန်းချုပ်နိုင်နေပြီထင်ခဲ့ပေမဲ့ တစ်စုံတစ်ယောက်အကြောင်း ကြားမိတိုင်း ရင်ထဲမှာလှုပ်ခတ်သွားနေမြဲ ကန်ရေပြင်ထဲကို ခဲ ပစ်ချလိုက်သလိုတည်ငြိမ်မှုတွေ ပျက်ပြားသွားရကုန်သည်

" နှလုံးရောဂါတဲ့လေ ခွဲစိတ်ရမှာကို ခေါင်းမာ
နေလို့ ဖွားသစ်ဝင်ပြောရသေးတယ် မရပါဘူး
ဆေးရုံကဆင်းပြီး ခရီးထွက်သွားတယ် ဘယ်သူ့စကားကိုမှနားမထောင်တာ "

" လွန်ခဲ့တဲ့သုံးနှစ်ကတောင် ဘာမှမဖြစ်သေးတာနှလုံးအစဆိုဆေးသောက်ရုံနဲ့သက်သာနိုင်မယ်မဟုတ်လား "

လွန်Where stories live. Discover now