အပိုင်း ( ၉ )

2.3K 115 2
                                    

မိုးမလင်းခင်ကတည်းက သုံးထပ်တိုက်ကြီးထဲမှာ
ပွဲအတွက်ပြင်ဆင်နေသူများနှင့် ရှုပ်ယှက်ခတ်နေ
ကြသည် နေ့အလင်းမွေးနေ့ပွဲအတွက် ချန်းမြတ်
ကိုယ်တိုင်ပွဲစီစဉ်သူများခေါ်ကာ ခမ်းခမ်းနားနား
လေးဖြစ်အောင် ပြင်ဆင်ပေးနေသည်

ဒီနှစ်မှာတော့ တခြားနှစ်များနှင့်မတူပဲထူးခြား
နေခြင်းတစ်ခုက လုပ်ငန်းတွက်အရေးပါသူများ
အပြင် နေ့အလင်းရဲ့ကျောင်းကသူငယ်ချင်းအနည်း
ငယ်ကိုပါလာခွင့်ပြုထားသည်

" ကိုချန်းလေး မင်္ဂလာပါခင်ဗျ "

" အစ်ကိုတွေ့ရတာဝမ်းသာပါတယ် ဟီး "

" ချောလိုက်တာ "

နေ့အလင်းသူငယ်ချင်းအုပ်လိုက်ကြောင့်
ချန်းမြတ်အနည်းငယ်အံ့သြမိသည် အခင်ဆုံး
သုံးလေးယောက်လောက်သာဖိတ်ထားမယ်
ထင်ပေမဲ့ အခုကအယောက်နှစ်ဆယ်လုံး
ပါလာခြင်းပင်

နေ့အလင်းကအပေါင်းသင်းများတာလား

" အေး ဝင်လာလေ နေ့အလင်း ဧည့်သည်တွေနဲ့ရှိတယ် သွားတွေ့လိုက် "

" အူးးးဝါးးးး အိမ်ကအရမ်းမိုက်တယ် "

" ဟဲ့ ဟိုဟာက ကားတွေမလား အများကြီးပဲနော် "

" နေ့အလင်းကအဲ့လောက်ချမ်းသာတယ်လား "

" ကိုကိုချမ်းသာတာပါ လာဝင်ခဲ့ အစားသောက်တွေလာစားကြ ကိုကိုကမင်းတို့နဲ့
စားသောက်ရင်းအေးဆေးတွေ့ချင်နေတယ် "

" ခုနကတွေ့တာနင့်အစ်ကိုမလား နုဖတ်နေတာနော်
ရင်တွေတောင်ခုန်တယ်ဟယ် "

" ဟဲ့ နင်ပဲအရင်ကတော့ နေ့အလင်းကိုနှိပ်စက်လို့
ကိုချန်းလေးကို မုန်းလိုက်တာဆို "

" ဟာ အစ်ကိုက ကောင်းစေချင်လို့နေမှာပါ ကြည့်လေနေ့အလင်း ဒီလောက်တော်တာ အဲ့လိုမျိုးတင်းကြပ်ပေးလို့လေ နင်တို့တွေမှာအဲ့လို
အုပ်ထိန်းသူမျိုးရှိလား ပြော "

" ဟားးး ဘက်လိုက်မှုကြီး ကြည့်ပါဦး နင်တို့မိန်းမတွေကကြောက်ဖို့ကောင်းလိုက်တာ "

" လာ ဒီမှာထိုင်ကြ ခဏနေ ကိုကိုလာရင်
မလိုအပ်တာတွေထိန်းပြောပေးကြနော် ကျန်တာ
မင်းတို့သဘောပျော်သလိုသာနေ "

လွန်Where stories live. Discover now