အပိုင်း (၂၆)

2.3K 102 1
                                    

၂နှစ်ခန့်ကြာသော်.........

" ချန်းလေး လာလေ သား "

" ဖွားသစ်တွက် လက်ဖက်ခြောက် ရှမ်းပြည်ဘက်
သွားရင်းသတိရတာနဲ့ "

" အေးပါ အရင်တစ်ခေါက်က သားလာတော့
ဖွားသစ်က နယ်ဘက်ကို Externalသွားထိုင်
ပေးရလို့မရှိတာ ဘာသိချင်လို့လဲ "

" ဖွားသစ်က ပင်စင်ယူပြီးပေမဲ့ကျောင်းကိစ္စတွေ
သိသေးတယ်မလားဟင် "

" သားရယ် ဖွားသစ်ကစာတမ်းဖတ်ပွဲတွေရှိရင်
ထိုင်ပေးပေမဲ့ ကိုယ့်ကျောင်းကိုမရောက်တော့ဘူး အားရင်အားသလို သားအဖွားနဲ့တရားသွား
ထိုင်နေတာ "

" နေ့ အကြောင်းရောဘာကြားသေးလဲ "

" ဒီကောင်လေးကမဆက်သွယ်ပါဘူးအေဖွားသစ်
ဆီကို သားသိချင်ရင် သူ့ဆရာမလေးကိုမေး သူတို့
ကအရမ်းရင်းနှီးတယ် "

" ဟုတ်လား "

" သားအရမ်းပိန်သွားတယ်နော် နေကောင်းရဲ့လား "

" ဟုတ် ခရီးတွေထွက်ရတာများလို့ပင်ပန်းနေတာပါ "

" သားတို့ညီကိုနှစ်ယောက်ပြဿနာက ခုထိမပြေ
လည်သေးဘူးလား "

" သူပြန်လာမရှင်းမှတော့ ဘယ်ပြေလည်ပါ့မလဲ
သူသာခေါင်းမမာပဲ စိတ်ကောင်းသာထားရင် "

" သား နေ့နေ့ကသားကိုယ်တိုင်ပြုစုလာတဲ့ကလေး
သူ့ပင်ကိုယ်ဗီဇကောင်းမကောင်း သားအခုထိမသိ
သေးတာလား "

" ကျနော် မနက်ဖြန်ခရီးထွက်ရဦးမယ် အခုတလော
အလုပ်တွေပုံနေတာလေ ဖွားသစ်ဆီမလာတော့ဘူး
နော် "

" အေးပါ သားရယ် ကျန်းမာရေးလည်းသေချာ
ဂရုစိုက်ပါ ဖွားသစ်ကတောင်ပိုသန်မာနေသေး
တယ် လူငယ်လေးကဘာဖြစ်နေတာလဲ "

နေ့ အလုပ်ကိစ္စအကြောင်းပြပြီး နေရာမျိုးစုံကို
ခရီးထွက်ဖြစ်သည် သူအရမ်းပျော်ရွှင်ပြီးအေးချမ်း
လွန်းတဲ့တောင်ပေါ်လေးက အပန်းဖြေအိမ်ကို
ပြောင်းနေပေမဲ့လည်း အရမ်းအေးလို့ဆိုပြီးတခြား
ဝယ်ထားတဲ့အိမ်ကိုသွားနေခဲ့သေးသည် အရမ်းလှ
လို့ဝယ်ထားတဲ့ နေပြည်တော်ကအိမ်လေးကလည်း
ခြောက်ကပ်နေသလို စိတ်လေးလန်းအောင်ဆိုင်ကယ်
ပတ်စီးပေမဲ့လည်း ဆယ်လမ်းသွားလမ်းမကြီးပေါ်
အထီးကျန်စွာဖြင့် နေ့ တစ်ယောက်တည်းရယ်

လွန်Where stories live. Discover now