စာအုပ်ကိုချပြီး မျက်လုံးလှန်ကြည့်တဲ့ အခါ စိတ်မရှည်မှုတွေ တွေ့နေရတယ်။ မတတ်နိုင်ဘူး အကူအညီမှ မတောင်းရင် ရေချိုးရမှာ မဟုတ်တော့။

'ရေပန်းက ဖွင့်မရဘူး ဘားက အရမ်းကြပ်နေလို့'

သူ့ကို စိတ်မရှည်သလို တစ်ချက်ကြည့်ပြီးမှ ထ လာတယ်။

ရေချိုးခန်း ကျဉ်းကျဉ်းလေးထဲ ဦးစိတ်တိုကို မထိအောင် နေရသေးတယ်။ သူ့မှာ အဝတ်မပါတာ တစ်ချက်ကြည့်ပြီး ဘာမှတော့ မပြောဘူး။

ရေပန်းက သူတောင် မနည်းလှည့်ဖွင့်နေတာ။ ရေထွက်လာတဲ့ အခါ လူက အလိုလိုရေးချိုးချင်လာစိတ်ကို မထိန်းနိုင်တော့ဘူး။ တစ်နေကုန် ပင်ပန်းလို့ နုံးချိနေတယ်။

Learder ဆိုတဲ့သူ တံခါးနားအရော ရေပန်းအောက် ဝင်လိုက်ချိန် ကျောပေါ်ရေနဲ့အတူ ပျော့အိအိ အရာတစ်ခုက လာကပ်နေတယ်။

လက်နောက်ပြန် လှမ်းယူလိုက်တော့

'အား!!!!!!!!!'

ဖားပျံကြီး ကြောက်လိုက်တာ မျက်လုံးကြီးက ပြူးနေသေးတယ်။ ဖားကြီးကို ပစ်ချပြီး အော်သံကြားလို့ ပြန်လှည့်လာတဲ့ သူဆီ ခုန်တက်ပစ်လိုက်တယ်။

တဘတ်တွေလည်း ဘယ်ရောက်လည်း မသိတော့ဘူး။

'ဟေ့ မင်း'

ရုတ်တရက် ခုန်တက်ခံရသူကလည်း မထိန်းနိုင် ရေတွေဖွင့်ထားလို့ ကြမ်းပြင်ကလည်းချောနေတော့ နှစ်ယောက်လုံး ဗိုင်းကနဲ ပစ်လဲကျတယ်။

လဲကျသွားတဲ့ထိ Leader ဆိုတဲ့သူရဲ့ ဗိုက်ပေါ်မှာ ဖားကပ်လေးလို ကျစ်ကျစ်ပါအောင် ကပ်ထားပါတယ်။

'အာ့ ငါ့ခါး ဟေ့ မင်းထ'

################

'မင်း ဘယ်လိုကောင်လဲ'

ရေချိုးခန်းထဲမှာ လဲကျပြီးနောက် နှစ်ယောက်လုံး ရေချိုးလိုက်ရတယ်။ Xiao Zhan ရဲ့ကံကြမ္မာလေးဟာလည်း အဆူခံရမယ့် အစဖြစ်လာခဲ့တယ်။

ခုတော့ Leader က ကုတင်ပေါ်မှာ သူက dream bed ပေါ်မှာ နာရီဝက်လောက်အဆူခံပြီးနောက် Xiao Zhan ဟာ အိပ်ချင်လာရတော့တယ်။

ကမ္ဘာပေါ်မှာ အလေးဆုံးဖြစ်တဲ့ မျက်ခွံလေးကို မနိုင်တော့တဲ့အခါ အဆူခံရင်းတန်းလန်း ငုတ်တုပ်အိပ်ပျော်ရတော့တယ်။

Till The EndWhere stories live. Discover now