အသားဖြူဖြူ ပခုံးပြင်ကျယ်ကျယ် မျက်နှာထားက တည်တင်းနေတယ်။ ခပ်တိုတိုညှပ်လို့ထားတဲ့ ဆံပင်နဲ့ တစ်ကယ် ကြည့်ကောင်လှတယ်။ မေးရိုးထင်းထင်းက ပြတ်သားတဲ့ အရိပ်အယောင်တွေပြနေတယ်။

'အာ ဒီမှာ engineer ရာထူးအတွက် အလုပ်ခေါ်ထားတဲ့ ကလေးနှစ်ယောက် ခုမှရောက်လာလို့ Leader'

'ကြိုပြီး အကြောင်းမကြားထားဘူးလား'

'အကြောင်းကြားပါတယ် ညဘက်ကြီးဆိုတော့ မလာလောက်တော့ဘူး ထင်လို့ပါ အခန်းကလည်း မနက်ကအသစ်လာတဲ့သူတွေနဲ့ ပြည့်နေပြီ Leader'

Leader ဆိုတဲ့သူက စဉ်းစားသလို တစ်ချက်တွေးပြီးမှ

'ဒီညတော့ ဒီမှာအိပ်ပေါ့ အကိုဟိုက်ခွမ်းနောက် တစ်ယောက်လိုက်အိပ် ဟေ့'

Xiao Zhan ကို လက်ညိုးထိုး ခေါ်လိုက်တာကြောင့် လန့်ပြီး သတိဆွဲပြီး မတ်မတ်ရပ်လိုက်မိတယ်။ ဟုတ်တယ် ဒီလူက အရမ်းကြောက်စရာကောင်းတယ်။

'မင်း ငါ့နောက်လိုက်ခဲ့'

'ဟုတ် ဟုတ်'

ခုချိန် အားကိုးရာမှ မရှိတာ တွေ့သမျှလူ လိုက်ကြည့်ပြီး အလိုက်အထိုက်နေဖို့ပဲရှိတယ်။ မသိရင် အလုပ်လာလုပ်တာနဲ့ မတူဘူး။ ပြန်ပေးဆွဲခံရသလိုပဲ။

'ဒီမှာ အိပ်လို့ရတယ် မင်းအထုပ်တွေ အဝမှာပဲ ချထား။ ရေချိုးခန်းရှိတယ် အထဲမှာ'

'ဟုတ်'

Xiao Zhan အိပ်ဖို့ ကြည့်တော့ ကုတင်က တစ်လုံးတည်းရယ် ဘယ်လိုလုပ်ပါ့မလဲ ဒီလူနဲ့ အိပ်ရမှာလား။ သူနဲ့ ကျန်းချန်ကို အတူအိပ်လို့မရဘူးလား။

Xiao Zhan ကိုအမိန့်ပေးသလိုပြောပြီး dream bed ပေါ်မှာ စာထိုင်ဖတ်နေပြန်ပါတယ်။

မတတ်နိုင်ဘူး ခုတော့ရေချိုးမှ ဖြစ်ပါမယ်။

ရေချိုးခန်းထဲရောတော့ ရေပန်းက ဖွင့်မရဖြစ်နေတယ်။ အရမ်းကြပ်နေတာဖြစ်တယ်။ အားရပါးရလှည့်တာတောင် တုပ်တုပ်မလုပ်တာပါ။

ငါးမိနစ်လောက်ထိ လှည့်လို့မရတဲ့နောက် အပြင်ကလူကို အကူညီ တောင်းဖို့ပဲရှိပါတော့တယ်။

'Le Leader'

Xiao Zhan က ခေါင်းတစ်လုံးတည်း တံခါးအပြင်ထွက်ခေါ်တာဖြစ်တယ်။ အောက်ပိုင်းက တဘတ်တစ်ထည်တည်းရယ်။

Till The EndWhere stories live. Discover now