တစ်ချိန်တုန်းက အဖြစ်အပျက်တွေ (အပိုင်းနှစ်)

Start from the beginning
                                    

လင်းယဲ့ စိတ်ထဲမသိုးမသန့်ဖြစ်နေတာကြောင့် ဟောက်ရန်ကိုကြည့်လိုက်တယ်။ ဒါမဲ့ဟောက်ရန်ကသူ့ရဲ့ တန်ဖိုးကြီးနာရီကိုကြည့်ကာ စိတ်လေနေသောပုံဖြစ်ပြောသည်။

" အင်း...ပြောစရာရှိတာမြန်မြန်ပြောကြ ငါနောက်ကျနေပြီ အရင်ဝင်တော့မယ် "

" ဟောက်....ရန် "

လင်းယဲ့ပိတ်သွားတဲ့တံခါးကို ရပ်ကြည့်နေရတယ်။ ထိုအချိန်ချင်းချင်းဆိုတဲ့မိန်းကလေးက

" မောင်လေး..."

" ကျွန်တော် ခင်ဗျားမောင်လေးမဟုတ်ဘူး တောင်းပန်မလို့မှတ်လား မြန်မြန်ပြောတော့ဗျာ "

ချင်းချင်းကအပြစ်ကင်းစင်စွာ တခ်ခ်ရယ်သည်။

" နေပါအုံး မောင်လေးကဟောက်ရန် အနောက်ကိုအဲ့လောက်အမြန်ကြီး လိုက်မသွားနဲ့အုံးလေ။ အမတို့ဟိုဘက်က ဆိုင်လေးကိုခဏသွားရအောင် "

လင်းယဲ့လှည့်ကြည့်လိုက်တယ်။ အဲ့ဒီဆိုင်ကရိုးရိုးအရက်ဆိုင်ငယ်လေးဖြစ်တယ်။ အခုလိုဟိုတယ်ခန်းခန်းနားနားကြီး နဘေးမှာရှိနေတာကြောင့် အရမ်းသေးနေတယ်လို့ ခံစားရတာဖြစ်တယ်။ ဆိုင်လေးမှာကလူတွေတိုးနေတယ်။ ဒါကြောင့်ဘာအန္တာရာယ်မှ မရှိနိုင်ဘူး။

" ကောင်းပြီ ဒါမဲ့ခဏပဲ့နော် "

လင်းယဲ့နဲ့အတူလျှောက်လာရင်း ချင်းချင်းကမဲ့ပြုံးနဲ့အတူ

ဟက်...ဒီလိုရိုးသားတဲ့ကောင်လေးက ဟောက်ရန်နဘေးမှာရှိနေတာ အံ့ဩစရာဘဲ့။ ဒါမဲ့ရှင်းရလွယ်တယ်။ ခဏကြာရင်နင့်လိုရွံစရာကောင်းတဲ့ ကောင်လေးကိုဟောက်ရန်နဘေး ခေါ်ထားချင်အုံးမလား စောင့်ကြည့်ရမှာပေါ့။

" ဦးလေး ကျွန်တော့ကိုရိုးရိုးရေအေးပဲ့ပေးပါဗျ "

အရက်ရောင်းတဲ့သူက ခေါင်းငုံ့ပြတယ်။ ချင်းချင်းကပိုပြုံးရယ်လာသည်။

" ကျွန်မကိုအရက်ပြင်းတစ်ခွက်ချပေး။ မောင်လေးအရက်မသောက်နိုင်ဘူးလား "

လင်းယဲ့ ဆိုင်ပတ်လည်ကိုကြည့်ရင်းပြောတယ်။

" အခုချိန် အရက်မသောက်တာက ပိုကောင်းမယ်ထင်လို့ပါ "

မာနကြီးတဲ့ကျွန်တော့်ယောကျာ်းရဲ့ ကိုယ်ဝန်ရှိနေတယ်တဲ့(Complate)Where stories live. Discover now