Part - 3 "Falling In Love with.."

Comincia dall'inizio
                                    

ထူးဝေ -- ငါ့အိမ်က ကြာဇံကြော်ထည့်
ပေးလိုက်တယ် ဝက်ခြေထောက်
စွတ်ပြုတ်ရယ် ..

ခွန်း -- ငါ ဝက်ခြေထောက် စားမယ်

ထူးဝေ -- စားလေ ၊ အများကြီးပဲ

ခွန်း ထမင်း အမြန်စားလိုက်ပြီးတော့
စာသင်ခန်း ရှေ့က အုတ်လှေကားမှာ
ထိုင်၍ ခက်မွန်စီကို သတိတရနဲ့ ဖုန်းခေါ်
လိုက်သည်။ ဖုန်းက ဝင်သွားပြီး ခဏအကြာမှ ..

ခက်မွန် -- Hello ခွန်းနွေ

ခွန်း -- Hello! လူကြီး အလုပ်ရှုပ်နေတာ
လား?

ခက် -- Ma  ထမင်းစားပြီး ဖျော်ရည်ဖျော်
နေလို့ ..

ခွန်း -- ဘာဖျော်ရည်လဲ ?

ခက် -- ပင်မှည့် ဖျော်ရည်

ခွန်း -- ဖျော်ပြီးလား ?

ခက် -- ပြီးလို့ သောက်တောင်နေတာ အခု
ခုနက ဖုန်းမြည်တော့ ရေခဲထည့်နေလို့
တန်းကိုင်မရလို့ ..

ခွန်း --  ဟုတ်၊ ခွန်း လည်း သောက်ချင်တယ်

ခက် -- သောက်မလား ? Ma , Delivery
ခေါ်ပြီး ပို့ခိုင်းလိုက်မယ်လေ

ခွန်း -- အာ့ စတာပါ Ma ရဲ့ Ma အလုပ်ရှုပ်
နေမယ် နေပါစေ ခွန်း က ဒီအတိုင်း စတာ

ခက် -- ခွန်း Lunch စားပြီးပြီလား?

ခွန်း -- ဟုတ် ၊ အခုပဲ ပြီးတယ်

ခက် -- ဘာနဲ့စားလဲ နေ့လည်စာ ??

ခွန်း -- အဘွားရယ် ထမင်းချိုင့်ထည့်
ပေးလိုက်တာ ကြက်သားလုံးကြော်ရယ်
ပန်းပွင့်စိမ်းကို ပုစွန်နဲ့ ကြော််တယ်။

ခက် -- အဘွားက သူ့မြေးကို ချစ်သားပဲ

ခွန်း -- ခွန်းက လိမ္မာလို့လေ

ခက် -- သြော့် အဲ့လိုလား ?

ခွန်း -- Ma ရော ဘာစားလဲ?

ခက် --  ကြက်ဆီထမင်း

ခွန်း -- နောက်ရက် ခွန်း ထမင်းချိုင့် မပါ
တဲ့ နေ့ Ma ဆီ လာစားမယ်

ခက် -- ရှင်လေး ပိုက်ဆံ အရမ်းဖြုန်း
တာနော်၊ Paradise ကို လာစားရင်
Taxi အသွားအပြန် ရယ်  ထမင်းဖိုးရယ်
ရှင့်မုန့်ဖိုးတွေ ကုန်မှာပေါ့ ။

Falling In Love with SomeoneDove le storie prendono vita. Scoprilo ora