Chapter(273) - ကံကြမ္မာပြောင်းလဲခြင်းကံတရား

Comenzar desde el principio
                                    

ကောင်းကင်ဘုံကိုယ်ထည်များကသူတို့ရဲ့လှုပ်ရှားမှုများပင်ဖြစ်သည်။တကယ်တော့လူတစ်ယောက်ရဲ့ကံကြမ္မာဆိုတာေမွေးဖွားစဉ်ကတည်းကဆုံးဖြတ်ပြီးသားပင်။မဟာအကြီးအကဲလန်ယွဲ့ကလင်ရွှမ်းဇီရဲ့ကံကြမ္မာကြယ်စင်အားအမြဲဂရုပြုလေ့လာခဲ့ပြီးသူ့ရဲ့အနာဂတ်ဖြစ်ရပ်တိုးတက်ပြောင်းလဲမှုများကိုလည်းအာရုံစိုက်ထားခဲ့သည်။သူကအခါအားလျော်စွာလည်းခွဲထုတ်တာခွဲခြားတာတွေလုပ်တတ်သေး၏။ထို့ကြောင့်သူကဒီခေါင်းစဉ်နဲ့ပတ်သတ်ရင်တော့အတော်လေးကိုနက်နက်ရှိုင်းရှိုင်းနားလည်တယ်ဟုခေါ်ဆိုနိုင်သည်။

နက္ခတ်ဗေဒင်နှင့်ရှေ့ဖြစ်ဟောခြင်းတွင်ပင်မကြယ်စင်၊အရံကြယ်စင်၊ဦးတည်ရာနှင့်အံဝင်ခွင်ကျမှု၊ဂြိုလ်ပတ်လမ်းကြောင်း၊ကောင်းကင်ကိုယ်ထည်နဲ့ရှုထောင့်များစသဖြင့်မရေမတွက်နိုင်သည့်အရေးကြီးသောအစိတ်အပိုင်းများစွာရှိသည်။မည်သည့်ပြောင်းလဲမှုမဆို,အလွန်သေးငယ်သောပြောင်းလဲမှုလေးကပင်ကံကြမ္မာလမ်းကြောင်းကိုပြောင်းလဲစေလိမ့်မည်။

လူတစ်ယောက်ရဲ့ကံကြမ္မာတစ်ခုလုံးကဒီလိုတစ်ညတည်းနဲ့ပရမ်းပတာအခြေအနေကိုပစ်ထည့်ခံလိုက်ရခြင်းအားမျက်မြင်တွေ့ရခြင်းသည်မဟာအကြီးအကဲလန်ယွဲ့အတွက်တော့ပထမဆုံးပင်။တစ်စုံတစ်ယောက်ကကြယ်စင်ဇယားကိုခေါင်းကနေ စလှန်လိုက်သလိုမျိုးသူ့ကိုယ်ပိုင်မျက်လုံးနဲ့မြင်ခဲ့ရခြင်းဖြစ်သည်။ထိုအခြေအနေအားသူ့အနေနဲ့ခေါင်းနဲ့အမြီးပင်မခွဲနိုင်ပေ။

သို့သော်လည်းအဲ့ဒါကရိုးရှင်းလှတဲ့အစပိုင်းမျှသာဖြစ်ခဲ့၏။ထိုအချိန်ကစပြီးမှေးမှိန်နေသည့်ကြယ်စင်ဇယားသည်သူ့ဗဟိုချက်ကနေအပြင်ကိုပျံ့နှံ့လာခဲ့သည်။နက္ခတ်ဗေဒကိုသုံးပြီးဝေဖန်ပိုင်းခြားတွက်ချက်နိုင်ခဲ့သည့်ညကောင်းကင်ယံတစ်ခုလုံးသည်လည်းပရမ်းပတာပုံရိပ်အဖြစ်လျင်မြန်စွာဆင်းသက်လာခဲ့သည်။လူများစွာရဲ့ကံကြမ္မာအားလုံးပြောင်းလဲသွားခဲ့သည်။

မဟာအကြီးအကဲလန်ယွဲ့သည်အံ့သြတုန်လှုပ်သွားရင်းဖြင့်ပရောဖက်များအတွက်ထူးခြားတဲ့သဘာဝအသိအမှတ်ပြုစွမ်းရည်ကိုအသုံပြုလိုက်တဲ့အခါသူအိပ်နေစဉ်မှာပင်ကမ္ဘာတစ်ခုလုံးကမသိနိုင်တဲ့အင်အားစုကြီးတစ်ခုကြောင့်ပြောင်းလဲသွားခဲ့သည်ဟုခံစားခဲ့ရသည်။

(Book-2)အမြင့်မြတ်ဆုံး ကောင်းကင်အရှင်၏ ပြန်လည်မွေးဖွားခြင်းDonde viven las historias. Descúbrelo ahora