Chapter(273) - ကံကြမ္မာပြောင်းလဲခြင်းကံတရား

Start from the beginning
                                    

အတိတ်ရဲ့ထိုအသေးစိတ် အပိုင်းကလင်ရွှမ်းဇိရဲ့စိတ်အနက်ရှိုင်းဆုံးနေရာမှာမေ့ထားခံရလုနီးပါးဖြစ်နေခဲ့သည်။သို့သော်,အခုပြောခဲ့တဲ့မဟာအကြီးအကဲလန်ယွဲ့၏စကားများကြောင့်ထိုမှတ်ဉာဏ်ကသံကြိုးများကိုချိုးဖြတ်ကာသူ့စိတ်ထဲဝင်ရောက်လာခဲ့ပြီးအဆုံးမဲ့စွာလှည့်ပတ်နေ၏။

လင်ရွှမ်းဇီသည်သူ့ကိုယ်သူသာတိတ်တဆိတ်ကျိန်ဆဲမိသည်

အဲ့ဒီအချိန်တုန်းကသူတကယ်ပဲသူ့အတွက်ဘာကကောင်းလဲဆိုတာကိုမသိခဲ့တာပဲ!

လင်ရွှမ်းဇီရဲ့နှလုံးသားထဲမှာဝမ်းနည်းကြေကွဲမှုများအဆက်မပြတ်ဖြစ်ပေါ်လာရ၏။ဆုမိုအပေါ်ထားတဲ့သူ့ရဲ့ကျေးဇူးတင်မှုနဲ့လေးစားမှုသည်လည်းပိုပြီးနက်ရှိုင်းလာခဲ့သည်။ယန်ထျန်းဟန်အပေါ်ထားတဲ့သူ့ရဲ့အပြစ်ရှိစိတ်နဲ့ချစ်မြတ်နိုးမှုများကလည်းပိုပြီးနက်ရှိုင်းလာသည်ပင်။

ရိုးရိုးသားသားပြောရရင်သူတကယ်ပဲယန်ထျန်းဟန်ကိုမေးလိုက်ချင်တယ်-သူ့အတိတ်ဘဝမှာတုန်းက,သူကဒီလောက်တောင်ကြောက်စရာကောင်းပြီးစုတ်ပျက်သတ် ပုတ်သိုးနေတဲ့အမှိုက်တစ်ထုတ်ဖြစ်ခဲ့တာကိုယန်ထျန်းဟန်ကသူ့ကိုဘယ်လိုများမြင်ခဲ့လဲလို့?

သို့သော်လည်းဒီဘဝရဲ့ယန်ထျန်းဟန်ကတော့သူ့ကိုယ်သူအတိတ်ဘဝရဲ့မြင်ကွင်းနဲ့အခြေအနေထဲမှာထည့်နိုင်စရာနည်းလမ်းမရှိတာကြောင့်သူ့ကိုတကယ့်အဖြေအစစ်ပေးနိုင်မယ်မထင်ဘူး

ဆုမိုရဲ့ကိစ္စကဒီအတိုင်းတိုတောင်းလှတဲ့ကြားဖြတ်တစ်ခုသာဖြစ်သည်။တကယ်တမ်းကတော့အရာရာတိုင်းကအရေးကြီးတယ်လို့သတ်မှတ်လို့ရနိုင်သည်။အကယ်၍လင်ရွှမ်းဇိရဲ့တက်ကြွတဲ့စုံစမ်းစစ်ဆေးမှုကြောင့်သာမဟုတ်ပါရင်မဟာအကြီးအကဲလန်ယွဲ့သည်လည်းအပိုစကားပြောမည်မဟုတ်ပေ။

ကြားဖြတ်ကိစ္စကိုပြောပြီးနောက်မဟာအကြီးအကဲလန်ယွဲ့ကလင်ရွှမ်းဇီရဲ့ကံကြမ္မာကြယ်စင်အကြောင်းဆက်ပြောပြသည်။

"ဒါပေမယ့်တစ်နေ့ကြတော့,လမ်းကြောင်းမှာရုတ်တရက်အပြောင်းအလဲပေါ်လာပြီးဘေးပတ်ပတ်လည်မှာခြံရံနေတဲ့အရံကြယ်စင်တစ်ချို့ထွက်ခွာသွားသလိုနောက်ထပ်ဝန်းရံနေတဲ့အရံကြယ်စင်အသစ်တွေပါပေါ်ထွက်လာခဲ့တယ်...အဲ့ဒါတင်မကဘူးကံကြမ္မာကြယ်စင်ရဲ့လမ်းကြောင်းကလည်းအကြီးအကျယ်ပြောင်းလဲသွားခဲ့ပြီးပရမ်းပတာဖြစ်မှုတွေရှုပ်ထွေးမှုတွေပေါ်လာတယ်...ငါတောင်လမ်းကြောင်းပုံစံတွေကိုမမြင်ရတော့ဘူး...အဲ့ဒီလိုမျိုးကအတိတ်တုန်းကနတ်ဝိဇ္ဇာလမ်းကြောင်းမှာတစ်ခါမှမဖြစ်ခဲ့ဖူးဘူး"

(Book-2)အမြင့်မြတ်ဆုံး ကောင်းကင်အရှင်၏ ပြန်လည်မွေးဖွားခြင်းWhere stories live. Discover now