Ep.14💖

7.1K 385 11
                                    

( Unicode )

မင်းကောင်းစစ် လမင်း အိမ်ကနေ ထွက်လာပြီး ကျောင်းဆီသို့ ဦးတည်မောင်းလာခဲ့သည်။

ကျောင်းထဲရောက်တော့ ကားပေါ်က ဆင်းတာနဲ့ အရှိန်အဝါတွေပါ ဖြာထွက်နေသလို ထင်ရှားနေလေသည်။
လမ်းတစ်လျှောက်လည်း လူတိုင်းရဲ့ သမင်လည်ပြန်ငေးကြည့်ခြင်းကို ခံရသည်။

ထို့နောက် ဆရာ၊ဆရာမများအခန်းသို့ ဝင်လာပြီး လူတစ်ယောက်ကို ရှာနေလေသည်။

"ခန့်မောင်!!!"

"အော် မင်းကောင်းစစ် မင်းတောင် ပြန်ရောက်လာပြီ"ဆိုကာ ပြေးဖက်လေသည်။

"အေးဟာ ငါလည်း မင်းတို့ကို ဖုန်းဆက်ပြောမလို့ပဲ ဒါပေမယ့် နိုင်ငံထဲ ခြေချချချင်း ငါတွေ့ချင်တဲ့သူကို သွားတွေ့တာနဲ့ မေ့သွားတယ်ကွာ"

"ညီမလမင်းကိုမလား"

ထိုမေးခွန်းကို မင်းကောင်းစစ် ပြန်မဖြေ ပြုံးသာ ပြုံးပြလိုက်သည်။

"မင်းကွာ မိဘတွေကို အရင်တွေ့သင့်တယ်လေအော်"

"မိဘမဟုတ်ပေမဲ့ သူက ငါ့အတွက်ပထမဦးစားပေးလေ"

"ဟုတ်ပါပြီ ဒါနဲ့ ဘယ်လိုလဲ မင်းကိုတွေ့တော့ အရင်လိုပဲမလား"

"အင်းးး လူကတော့ တော်တော်လေးပြောင်းလဲသွားပေမဲ့ ငါ့အပေါ်ထားတဲ့ အမုန်းကတော့ မပြောင်းလဲသေးဘူး"

"အေးပါ ငါလည်း ညီမလမင်းနဲ့ မတွေ့ဖြစ်တာ ကြာပြီ တစ်ခါလောက်တော့ အတူတူ သွားစားကြတာပေါ့"

"အင်းး သွားစားကြပေါ့"

"မင်းက မလိုက်ဘူးလား ညီမလမင်းကို မင်းခေါ်ခဲ့လေ"

"ငါခေါ်တာထက် မင်းခေါ်တာကမှ သူလာဖို့ ခန့်မှန်းချေ ၈၀%ရှိသေးတယ်"

"Hmm...မင်း ပြောပြဖို့ စိတ်ကူးမရှိဘူးလား ငယ်ငယ်ကလည်း ငယ်သေးတာမို့ ကလေးပဲရှိသေးတာမို့ ထားပါတော့ သူ အခုဆို အရွယ်လည်း ရောက်လာပြီပဲဟာကို နားလည်မှာပါ"

"ငါတော့ ပြောပြတာထက် သူ့ဘာသာသူ သိစေချင်တယ်"

"အဲ့ဒါဆို ဘာလဲ မင်းက သူ မုန်းတာ ဆက်ခံနေအုန်းမယ်ပေါ့ မင်းကွာ တုံးလိုက်တာ"

မမသည်သာ ကလေးအချစ်ဆုံးလူသား❣️Where stories live. Discover now