Ep.10💖

8.3K 458 21
                                    

( Unicode )

"အမေ....."

လမင်း သူ့အမေကိုပါ လှမ်းခေါ်လိုက်တော့ ဖူး အလန့်တကြားဖြစ်သွားပေမဲ့ စိတ်ကို ငြိမ်အောင် မနည်းထိန်းချုပ်ထားရသည်။

"သမီး မနေ့ညက အမေ ဖုန်းဆက်သေးတယ်"

"အော် ဟုတ်လား အမေ သမီး မသိလိုက်ဘူး"

ဖူး လမင်းနဲ့ စကားပြောနေတဲ့ လမင်းအမေဖြစ်သူကို ကြည့်လိုက်သည်။

မျက်နှာမှာ colorအရောင်ထင်းထင်းကြီးတွေ မခြယ်သထားဘဲ သဘာဝအလှတရားကိုပဲ ဦးစားပေးထားသလို အရောင်ဖျော့တော့တော့လေးနဲ့ပဲကို ရဲရင့်ပြတ်သားတဲ့ ပုံစံ ပေါ်လွင်သော မမရဲ့ အမေ။ အမေတူ သမီးအတိုင်း နှစ်ယောက်လုံးက မိန်းမလှလေးတွေ။မမနဲ့ ညီအစ်မတွေလားလို့တောင် ထင်ချင်စရာ။

"ဒါဆို အန်တီတို့လည်း shoppingထွက်လိုက်အုန်းမယ် သမီးလည်း အပြင်သွားကြမှာမလား"

"ဟုတ် အန်တီ"

အကိုခန့်မင်းသန့်ရဲ့ အမေက မေးတော့ ဟုတ်လို့ပဲ ပြန်ဖြေလိုက်ပေမဲ့ သူတို့နဲ့ လိုက်စေချင်တယ်ဆိုတာကို လမင်း သိသည်။ဒါပေမဲ့လည်း ကလေးကလည်း ရှိသေးသည်လေ။

လမင်းစဉ်းစားနေတုန်း အမေ့ရဲ့ စကားကြောင့် မျက်နှာပျက်သွားပေမဲ့ မငြင်းဆန်နိုင်ပေ။

"သမီး အမေတို့နဲ့ လိုက်ခဲ့လိုက် သားခန့်လည်း ပါနေတာပဲ နှစ်ယောက်အတူတူရှိတုန်း ဝတ်စုံရွေးလို့ရတာပေါ့"

"ဟုတ်ကဲ့ပါ အမေ ဒါပေမဲ့ အမေတို့ အရင်သွားနှင့်ပါ သမီးနဲ့အတူ လျှောက်လည်နေတဲ့ ကလေးတို့ကို နှုတ်ဆက်ချင်လို့ပါ"

"ရပါတယ် အန်တီတို့ စောင့်ပေးမယ်လေ"

"အာ ရပါတယ် အန်တီရယ် သမီး အမြန် လိုက်ခဲ့ပါ့မယ်"

"အမေတို့ အရင်သွားနှင့်လေ ကျွန်တော် လမင်းနဲ့ အတူ စောင့်နေခဲ့ပေးပါ့မယ်"

"အေးပါ သား လိုက်လာခဲ့နော် လာ အမ အရင်သွားကြရအောင်"

အမေနှစ်ယောက် အရင်ထွက်သွားတော့မှ လမင်း ကိုခန့်ကိုတောင် ကျေးဇူးတင်စကားမပြောနိုင် ကလေးကို အရင်လှည့်ကြည့်မိသည်။

မမသည်သာ ကလေးအချစ်ဆုံးလူသား❣️Where stories live. Discover now