Ep.6💖

9K 535 5
                                    

( Unicode )

မမသည် ဘာမှမပြောဘဲ ကားမောင်းနေတော့လည်း ဖူး အသံတိတ် လိုက်ခဲ့သည်။ခဏနေတော့ ဆိုင်တစ်ဆိုင်ရှေ့မှာ ရပ်လိုက်သည်။

"မမ ဒါ.."

"ကလေး လိုင်းပေါ်မှာ မာလာရှမ်းကော စားချင်တယ်ဆိုပြီး တွေ့လို့ အခု အချိန်ရတုန်း ဝယ်ကျွေးမလို့ပါရှင့်"

"Wow!မမရာ ပိုပိုချစ်သွားပြီ"

ဖူး လွှတ်ခနဲ ပြောထွက်သွားပြီးမှ ရှက်နေလေသည်။ ထိုနည်းအတူ လမင်းလည်း နားရွက်ဖျားလေးတွေ နီရဲနေလေသည်။

နှစ်ယောက် အတူတူ စားသောက်ပြီးတော့လည်း လျှောက်လည်ကြပြန်သည်။လူအများကလည်း ဖူးနဲ့ လမင်းကို နာမည်ကြီးတွေအလား လိုက်ကြည့်နေကြသည်။

အကြည့်ခံရဆုံးကတော့ လမင်းဖြစ်နေတာကြောင့် ဖူး မပိုင်ဆိုင်ရသေးပေမဲ့ သဝန်တိုနေမိသည်။

တည်ငြိမ်ရင့်ကျက်တဲ့ မမလမင်းသည် နတ်သမီးအလား လှပလွန်းသည်။ ထို့အပြင် အရပ်အမောင်း ခန္ဓာကိုယ်အချိုးအစားကလည်း ပြောစရာမရှိအောင် ပြေပြစ်လှသည်။

ဖူးက လမင်းကို လိုက်ကြည့်နေတဲ့လူတွေကြောင့် ဆူပုတ်ပုတ်ဖြစ်နေတော့ လမင်း စိတ်ပူလာသည်။

"ကလေး လမ်းလျှောက်ရတာ ညောင်းလာလို့လား"

"မဟုတ်ပါဘူး"

"ဒီနေရာကို မကြိုက်လို့လား"

"မဟုတ်ဘူး"

"အဲ့ဒါဆို ဘာလို့ ဆူပုတ်ပုတ်လေး ဖြစ်နေတာလဲဟင်"

"အဲ့ဒါက..."

ဖူး ပြောချင်ပေမဲ့ ကိုယ့်ခံစားချက်တွေ ပေါ်သွားမှာစိုးသည်။ ဖူး မမကို ကြိုက်နေမှန်း သိရင် အခုလို ရင်းရင်းနှီးနှီးမဟုတ်ဘဲ မိန်းကလေးအချင်းချင်း ကြိုက်တာကြောင့် ရှောင်ဖယ်သွားမှာ ကြောက်သည်။
သို့ပေမဲ့ ထိုအကြောက်တရားသည်လမင်းပြောလိုက်တဲ့စကား​ကြောင့် ကြက်ပျောက် ငှက်ပျောက်။

"ကလေး မကြိုက်တာ ရှိရင်ပြောနော် သွားချင်တာ လိုချင်တာရှိရင်လည်း ပြော ကြားလား ကလေး အခု ဘာလို့ ဆူပုတ်လေးဖြစ်နေမှန်း မသိပေမဲ့ မမကို လိုက်ကြည့်နေတဲ့ လူတွေကြောင့် စိတ်ပူစရာမလိုဘူး မမမျက်လုံးထဲမှာ ကလေးတစ်ယောက်တည်းပဲ မြင်တာ လာ တခြားနေရာသွားရအောင် ကလေး"

မမသည်သာ ကလေးအချစ်ဆုံးလူသား❣️Where stories live. Discover now