"သန့် သန့်"

"ဖြည်းဖြည်းလာပါဗျာ၊ ကျွန်တော် ဘယ်မှ မသွားပါဘူး ဦးမြတ်ရဲ့"

"ဒါ တကယ်လား၊ တကယ်လား သန့်"

သူပြုံးပြလိုက်ကာ ခေါင်းညိတ်ရင်း အဖြေပေးသည်။ တဒင်္ဂအတွင်းမှာပဲ ပိုင်မြင့်မြတ်ကျော်က သူ့ကို ရင်ခွင်ထဲ ဆွဲသွင်းလိုက်၍ ပိုင်မြင့်မြတ်ကျော်ရဲ့ ကျောပြင်ကို သူ့လက်နှစ်ဖက်ဖြင့် ပြန်လည်ဖက်ပြီး ရင်ခွင်ကျယ်အတွင်းသို့ ခိုဝင်သည်။

"ကိုယ်ပျော်လိုက်တာ သန့်ရယ်၊ ကိုယ်တို့နှစ်ယောက်ရဲ့ကလေး‌လေးက သန့်ဗိုက်ထဲမှာ အခုရှိနေတာ ကိုယ်ပျော်လိုက်တာ"

"ကျွန်တော်လည်း ဦးမြတ်လို ပျော်တာပါပဲ"

"ဘယ်သူတွေ ဒီအကြောင်း သိပြီးပြီလဲ"

"လောလောဆယ် ဦးမြတ်နဲ့ ကျွန်တော်ပဲ သိသေးတာ"

"ဝမ်းသာစရာသတင်းကို အကုန်လုံးကို လှမ်းကြွားရမှာပေါ့၊ တစ်ခါတည်း ဝီရဆိုင်မှာ ဘွတ်ကင်ယူပြီး ညစာပါ ဖိတ်ကျွေးရမယ်၊ သန့်က နားနားနေနေ ကုတင်ပေါ်မှာ လာထိုင်နေ၊ သန့် အပြင်သွားရင် ဝတ်မယ့်အဝတ်အစားလည်း ကိုယ်ပဲ ထုတ်ပေးမယ်၊ သန့် ဘာမှမလုပ်နဲ့"

သူ့ကို ကုတင်ရှိရာသို့ အတင်းဆွဲခေါ်ပြီး ထိုင်ချစေသည်။ ထို့နောက် ပိုင်မြင့်မြတ်ကျော်က ပါးနှင့်မားကို ဖုန်းခေါ်ပြီးနောက် ကိုကိုကတော့ ခရီးစဉ်ရှိ‌သောကြောင့် မြန်မာမှာရှိမနေ၍ ကိုခွန်းကိုပဲဖုန်းဆက်ပြီး မြိုင်သစ္စာတို့ရော၊ ထွန်းလင်းသီဟနဲ့ စွမ်းရည်ထက်တို့နှစ်ယောက်၊ ထွန်းဝီရ၊ စိုင်းခွန်လျှံနှင့် မင်းတည်ကြည်တို့ စုံတွဲကိုပါ တစ်ယောက်ပြီးတစ်ယောက်ကို အခန်းထဲ ခေါက်တုံ့ခေါက်ပြန်လျှောက်ကာ ဖုန်းခေါ်တော့သည်။

ပိုင်မြင့်မြတ်ကျော်ကို ကြည့်ပြီး သူကတော့ တပြုံးပြုံးနှင့်ပါလေ။ သားသမီးရတနာဆိုတာ မိဘတွေအပေါ် ဤကဲ့သို့ ထင်ပါရဲ့။ မွေးဖွားမလာခင် ဗိုက်ထဲမှာစပြီး သန္ဓေတည်သည်ဆိုကတည်းက သည်းသည်းလှုပ်ဖြစ်ရတာ ထူးဆန်းပါပေ့။ ပိုင်မြင့်မြတ်ကျော်ကို လိုက်ကြည့်နေရင်း သူ့ရဲ့ ညာဘက်လက်ဖဝါးက သူကိုယ်တိုင်တောင် မသိပါဘဲ ကလေးလေး နေထိုင်ရာ ဝမ်းကြာတိုက်ပေါ်တွင် တင်ထားမိလျက်သား ဖြစ်နေ၏။

နွေးထွေးမှုတို့လွှမ်းခြုံကာ( Completed) နွေးထွေးမှုတို့ လွှမ်းခြုံကာ(Completed)Where stories live. Discover now