Part 14

607 35 0
                                    

(Unicode)

အာကာလင်းသန့်တစ်ယောက် အပျော်ကြီး ပျော်နေပါသည်။ သူသိချင်သည့် အကြောင်းအရာကို ပြည့်စုံစွာ သိနိုင်ခဲ့၍ ဖြစ်သည်။ အိမ်ကပေးထားတဲ့ မုန့်ဖိုးတွေကတော့ ခဏလေးအတွင်း ပြောင်သွားတာပေါ့လေ။ သို့ပေမယ့် ပေးရသည်နှင့်တန်အောင် သိခဲ့ရသည့် သတင်းက အာကာလင်းသန့်ကို စိတ်ကျေနပ်မှု အပြည့်ပေးသည်။

ကိုကိုက အာကာလင်းသန့်ထင်သလို ကောင်လေးတစ်ယောက်နှင့်တွဲ‌နေသည်ဆိုတာ ဟုတ်မှန်သည်။ တွဲနေခြင်းတောင်မဟုတ်ဘဲ လက်ထပ်ထားသည့် အခြေအနေဖြစ်သည်။ သူစုံစမ်းခိုင်းထားသည့် လူဆီက သိရသလောက် ထိုကောင်လေး တစ်နည်းအားဖြင့် သူ့ယောက်ဖဆိုသူသည် သွားဆရာဝန်တစ်ဦးဖြစ်ပြီး ကိုယ်ပိုင်ဆေးခန်း ဖွင့်ထား၏။ နာမည်မှာ ခွန်းဝဏ္ဏဟုခေါ်ဆို၍ ကိုကိုနှင့် လက်ထပ်ထားတာ တစ်နှစ်ကျော်ပြီဖြစ်မှန်းသိရသည်။

ဒီနိုင်ငံမှာ လက်ထပ်ခြင်းမဟုတ်ဘဲ ကနေဒါမှာ လက်ထပ်ခဲ့ကြခြင်း။ သူ ထပ်မံပြီး သိခဲ့ရသည်က ခွန်းဝဏ္ဏနှင့်ကိုကို့အကြောင်းကို ခွန်းဝဏ္ဏရဲ့ မိဘတွေကလည်း မသိဆိုတာပင်။ တိုးတိုးတိတ်တိတ် မည်သူမှမသိအောင် နှစ်ယောက်တည်း သိုဝှက်ထားနိုင်သည့် ကိုကိုတို့ကို သူချီးကျူးချင်စိတ်တောင် ဖြစ်မိရဲ့။

ကိုကို့အနေနဲ့ သူ့လို ခေါ်အပြောမခံရခြင်းက တစ်ဖက်ကနေ စဉ်းစားကြည့်လျှင် ဆင်ခြင်ပြီး နေတတ်တာကြောင့် ဖြစ်မည်။ သူကတော့ ကိုကို့လို မနေဘဲ ဘာကိုမှ မတွေး သူ့သဘောအတိုင်း စည်းလွတ်ဝါးလွတ်နေသည့်အတွက် သိသွားခြင်း။ ဒါပေမဲ့လည်း သူအိမ်ပြန်ရောက်ရင် ကိုကို့အကြောင်းတွေကို မားတို့သိပြီး ဖြစ်နေလောက်ပြီ။ သားအလိမ္မာလေးရဲ့ လုပ်ရပ်တွေကို အအံ့ဩကြီး အံ့ဩပြီး ပြောစရာ စကားရှာမရသည့် အခြေအနေလည်း ဖြစ်သွားလောက်မည်ထင်၏။ သူကတော့ သူသိချင်နေတဲ့ မေးခွန်းရဲ့ အဖြေကို သူတစ်ဖက်လှည့်နဲ့ ဖန်တီးထားသော 'ပွဲ'ရဲ့ ရလဒ်တစ်ခုအဖြစ် သိရမှာမို့ စိတ်လှုပ်ရှားခြင်းလည်း ဖြစ်မိနေသည်။

"ဦးမြတ်၊ ကျွန်တော်က ယုတ်မာပြီး အကျင့်မကောင်းတဲ့လူ ဖြစ်သွားမယ်ဆိုရင်ရော ချစ်မှာလား"

နွေးထွေးမှုတို့လွှမ်းခြုံကာ( Completed) နွေးထွေးမှုတို့ လွှမ်းခြုံကာ(Completed)Where stories live. Discover now