(Unicode)
ဆရာဝန်ဆီက အတည်ပြုပြောကြားချက်ကို ကြားအပြီးမှာ အာကာလင်းသန့် အတော်ကို ပျော်ရွှင်မိလာသည်။ ကိုယ့်ကိုကိုယ် မသင်္ကာလို့ အိမ်တွင် စစ်ဆေးကြည့်ခဲ့ပြီး ကြိုတင်ကာ သိခဲ့ရသော်ငြား သူ့မှာ စိတ်လွတ်ကိုယ်လွတ် မပျော်နိုင်သေး။ ယုံတစ်ဝက် မယုံတစ်ဝက်နှင့်သာ ဖြစ်ရသည်။ ဆရာဝန်ကိုယ်တိုင် စစ်ဆေးမှုပြီးနောက် ကြားရသည့် ဂုဏ်ပြုစကားနှင့် ဆေးစစ်ချက်စာရွက်ပေါ်ရှိ စာသားတွေကိုမြင်မှ တစ်ဆုံးဝမ်းသာမှုဖြစ်၏။
ဆရာဝန်မှာ ကိုခွန်းကိုယ်ဝန်ဆောင်စဉ်က အစအဆုံး တာဝန်ယူမွေးပေးခဲ့သည့်သူဖြစ်ပြီး ကိုခွန်းမှတစ်ဆင့် သူဆက်သွယ်ခဲ့ခြင်း ဖြစ်သည်။ ပိုင်မြင့်မြတ်ကျော်ကလည်း သူ့ကို အန္တရယ်မဖြစ်အောင် ဂရုတစိုက်ဆောင်ရွက်ပေးရန် ဆရာဝန်အား အကြိမ်ကြိမ်မှာကြားလို့ ပိုင်မြင့်မြတ်ကျော်အကြောင်းကိုလည်း ကောင်းကောင်းမွန်မွန်သိနေသူပင်။ သူ့ကိုတောင် ဆေးရုံက ပြန်မလာခင် 'ကိုပိုင်မြင့်မြတ်ကျော်တို့တော့ ဒီ့ထက်ပိုပြီး သည်းသည်းလှုပ်တော့မှာပဲ' ဆိုကာ အရွှန်းဖောက်လိုက်သေးသည်။
ဗိုက်လေးကို ကိုင်ကြည့်ရင်း ကြည်နူးစွာ ပြုံးမိသည်။ ဗိုက်ထဲတွင်ရှိနေသော သူတို့နှစ်ဦးရဲ့ သွေးသားလေးက သားသားလေးလား မီးမီးလေးလား အကောင်အထည်သေချာစွာ မသိသေးပေမယ့် သူ သတိနဲ့ ဆင်ခြင်ကာနေပြီး ကလေးလေးကို လပေါင်းများစွာ ဗိုက်ထဲတွင် လုံခြုံစွာ ကြီးပြင်းစေရမည်ဟု တွေးသည်။
ဤကလေးလေးသူတို့ဆီ ရောက်လာပေးလို့လည်း ကျေးဇူးအများကြီးတင်ရသည်။ အဘယ့်ကြောင့်ဆိုသော် ကလေးလေးကို လူ့လောကထဲ ခေါ်ယူရာမှာ သူတို့အတွက် မလွယ်ကူလှပေ။ မလွယ်ကူစွာ ရယူခဲ့ရသည့် သူလေးက ယခုဆိုလျှင် သူ့ဗိုက်လေးထဲ ရောက်လာတာ (၅)ပတ်သားလေးတောင် ရှိနေပြီဖြစ်ကြောင်း သိရသည်။ ဤအချိန်ဤအခါမှစ၍ သူတို့မှာ ပျော်ရွှင်ပြီး ပြည့်စုံတဲ့ မိသားစုလေးကို ပိုင်ဆိုင်ရတော့မည် ဆိုသည်ကို သူ တွေးရင်း တစိမ့်စိမ့် ဝမ်းသာလှိုက်ဖိုမိ၏။
ကားသံကို ကြားရပြီ ဖြစ်သောကြောင့် ပိုင်မြင့်မြတ်ကျော် ပြန်ရောက်လာပြီမှန်း သူသိသည်။ ဒီ ညနေတွင်တော့ သူ ထွက်မကြိုဘဲနေရန် ဆုံးဖြတ်ထားသည်။ သူ့အစား ပိုင်မြင့်မြတ်ကျော် အိမ်ထဲသို့ ဝင်လာရင် ထင်သာမြင်သာရှိမည့် လှေကားထစ်တစ်နေရာ၌ တမင်ထား,ထားသော ဆေးစစ်ချက်စာရွက်က ကြိုပေးလိမ့်မည်။ ထို့ကြောင့် သူက ပိုင်မြင့်မြတ်ကျော်ကို အခန်းထဲတွင် စောင့်နေရုံ။
VOCÊ ESTÁ LENDO
နွေးထွေးမှုတို့လွှမ်းခြုံကာ( Completed) နွေးထွေးမှုတို့ လွှမ်းခြုံကာ(Completed)
RomanceCover photo credit to the rightful owner. အဆိုးဆုံးအခြေအနေမှာတောင် ကျွန်တော့်ကို မစွန့်လွှတ်ခဲ့ဘဲ သူ့ရင်ခွင်မှာ တစ်သက်လုံး စံမြန်းခွင့်ပေးတဲ့ သူ့အတွက် ကျွန်တော့်အချစ်တွေက သမုဒ္ဒရာထက်တောင် နက်ရှိုင်းတယ်ဆိုတာ သူသိအောင် ဖွင့်ထုတ်မပြောပြလည်း သူသိတယ်ဆိုတ...