Part 26

864 32 0
                                    

(Unicode)

အင်တာနက်ပေါ်မှာ ကလေးလေးတွေရဲ့ ပုံတွေ၊ဗီဒီယိုတွေကို ရှာဖွေကာ ကြည့်ရှုနေမိသည်။ မွေးကင်းစအရွယ်လေးတွေမှာ နီတာရဲလေးတွေနှင့် ချစ်ဖို့ကောင်းသကဲ့သို့ လေးဖက်ထောက်ကာ သွားကြသည့် ပိစိတွေ၊ မတ်တပ်မရပ်တတ်ရပ်တတ်အရွယ်လေး‌တွေကလည်း အသဲယားဖွယ်။ ထိုကလေးပေါက်စတွေကို ကြည့်ရင်း ပါးကြီးတွေကို ဆွဲကြည့်ချင်သည့်စိတ်၊ ကောက်ချီပစ်ချင်သည့်စိတ်တွေဆိုတာ ထကြွလို့လာသည်။ နှုတ်မှလည်း 'ချစ်ဖို့ကောင်းလိုက်တာ' ဆိုသည့်စကားကို ထွက်နေမိတာ ဘယ်နှစ်ခါမှန်းမသိတော့။

ကလေးတစ်ယောက်ရဲ့ အလွတ်လပ်ဆုံးနှင့် ချစ်စရာအကောင်းဆုံးအရွယ်သည် အူဝဲအရွယ်မှ မူကြိုအရွယ်ဟု သူကတော့ သတ်မှတ်သည်။ ထိုအရွယ်ထက် ကြီးသွားပြီး တဖြည်းဖြည်း အရွယ်ရောက်လာရင် ကလေးတွေက ပုံစံ‌တွေ စတင်ပြောင်းလဲလို့လာပြီ။ အရင်ကလောက် မလွတ်လပ်တော့ပေ။ ထိုသို့ဖြစ်ရခြင်းကလည်း အကြောင်းပြချက်ရှိသည်။ စာတွေနဲ့ စတင်လုံးပန်းရပြီဆိုလျှင် ကလေးတွေမှာ လွတ်လပ်ခြင်း‌တွေ စတင် ယုတ်လျော့လာတတ်သည်။ သူငယ်ချင်းက တခြားသူငယ်ချင်းတစ်ယောက်နှင့် ပေါင်းသွားလို့၊ အတန်းထဲမှာရှိသည့် အခြား အတန်းဖော်တွေလောက် မသွက်လက်လို့ စသော ကလေးဘဝရဲ့ စိတ်ဖိစီးမှုသေးသေးလေးတွေကို ခံစားလာရပြီ။ ဒါတွေကြောင့် သူက ပုံစံပြောင်းသည်ဟု သဘောထားလိုက်တာဖြစ်၏။

ကိုယ်ဝန်လနုသေးတော့ ဘာလေးမှန်း ကွဲကွဲပြားပြား မသိရသေးသည့် သူတို့ကလေးလေးကို ဘယ်အရွယ်မှာတော့ ဘယ်လိုဘယ်ပုံ ထိန်းကျောင်းပြီး လိမ္မာရေးခြားရှိအောင် သင်ပေးမည်ဆိုတာ စိတ်ကူးနဲ့မှန်းဆပြီး တွေးရခြင်းမှာလည်း သူ့အတွက် အလုပ်တစ်ခုလိုဖြစ်၏။ ကာကာ့ကိုမြင်သည့်အချိန် သားလေးတစ်ယောက်ကို လိုချင်မိသည်။ ထူးနဲ့ဆူးတို့ညီအစ်မကို မြင်ပြန်တော့ မိန်းကလေးလိုချင်သွားပြန်ရော။ ဒါပေမဲ့ သူရော ပိုင်မြင့်မြတ်ကျော်ပါ ဘာလေးပဲ မွေးလာရမည်ဆိုပြီး တစ်သမတ်တည်းတော့ မတွေးမိကြ။ ယောကျာ်းလေးဖြစ်ပါစေ၊ မိန်းကလေးဖြစ်ပါ‌စေ မိဘမေတ္တာအပြည့်အဝပေးပြီး ချစ်ပေးမည်သာ။

နွေးထွေးမှုတို့လွှမ်းခြုံကာ( Completed) နွေးထွေးမှုတို့ လွှမ်းခြုံကာ(Completed)حيث تعيش القصص. اكتشف الآن