CHAPTER 290 (Part 2)

Start from the beginning
                                    

ယူရှောင်မိုမှ သူ၏ကျားအား ဖျက်ဆီးပစ်လိုက်သည်ကို မြင်သော်လည်း ချိုင်းကျန်းတစ်ကောင် အံ့သြဟန်မပြ..၊ အနောက်ရှိ ကျုံးကျင်းရှန်ဘက်သို့သာလှည့်ကာ အဖော်စပ်လိုက်သည် ။

" ငါတို့အဲ့ကောင်ကိုအတူတူတိုက်မယ်.. မင်းကချုပ်ထား ငါကတိုက်မယ် "




ကျုံးကျင်းရှန်လည်း ယူရှောင်မိုအား ရွှန်းရွှန်းစားစားကြည့်ကာ ပြန်ဖြေလိုက်သည် ။

" ကောင်းပြီလေ "





ထို့နောက် ၎င်းတို့နှစ်ယောက် လက်များအား စတင်အလုပ်ပေးကြတော့သည်၊ ချိုင်းကျန်းသည် ကျုံးကျင်းရှန်အနောက်သို့ဝင်သွားပြီး လူသိမခံနိုင်သော လျှို့ဝှက်တိုက်ကွက်များ ဖော်ဆောင်နေဟန်တူသည် ။




ယူရှောင်မို ကျုံးကျင်းရှန်အား အကဲခတ်လိုက်သည်၊ ထိုလူအား မှတ်မိသလိုလိုရှိသော်လည်း ယခင်နှစ်ဆင့်တွင် အခြားသူများကိုသာ အာရုံစိုက်နေမိခဲ့သဖြင့် ၎င်းအား များများစားစား မမှတ်မိပေ ။


လက်ကွက်စည်းတံဆိပ်တစ်ခု ဖော်ဆောင်ပြီးသောအခါ ကျုံးကျင်းရှန်မှ လှောင်ပြောင်ရယ်မောရင်း ယူရှောင်မိုအား လှမ်းအော်လေ၏ ။

" ယူရှောင်မို.. ငါ့တိုက်ကွက်ကို ခံစားကြည့်လိုက်စမ်းပါ "


ထိုသို့ပြောပြီးနောက် ၎င်း၏လက်မှ အားကောင်းသော ဝိဥာဉ်စွမ်းအားလှိုင်းများ ထွက်ပေါ်လာကာ လူသတ်အငွေ့အသက်များ လွှမ်းခြုံနေသည့် စပါးအုံးမြွေကြီးတစ်ကောင်ပုံရိပ် ထွက်ပေါ်လာသည်၊ ထိုမြွေကြီးသည် ဒေါသတကြီးဖြင့် မာန်ဖီကာ ယူရှောင်မို့ထံသို့ ပြေးဝင်လာလေ၏ ။

ယူရှောင်မို မျက်ခုံးပင့်လိုက်ကာ သူ၏လက်များအား ချိပ်စည်းတစ်ခုဖော်ဆောင်ရန် တစ်ချက်နှစ်ချက် ခပ်မြန်မြန် လှည့်လိုက်သည်၊ ထိုအခါ ဝိဥာဉ်စွမ်းအားအချို့ သူ၏လက်ညှိုးထိပ်၌ စုဝေးလာပြီး အလင်းစက်ကလေးအဖြစ်မှ တစ်ဖြည်းဖြည်း ပိုမိုတောက်ပလာ၏၊ စပါးအုံးမြွေမှ သူ့အား ပေါက်လုနီးနီးတွင် ထိုလက်ညှိုးထိပ်ကလေးအား ၎င်းထံသို့ချိန်၍ လေဆာသေနတ်အသွင် ပစ်ချလိုက်ရာ စပါးအုံးမြွေ၏ ဟနေသော ပါးစပ်အတွင်းမှ အာခေါင်တည့်တည့်သို့ ထိမှန်သွားလေတော့သည် ။


The Legendary Master's Wife (Myanmar Translation)Where stories live. Discover now