ဘုန်းယံချွန်လည်း ကပ်ကြေးကိုအသံမြည်အောင် ညှပ်၍ သူ့အနားတိုးလာခဲ့သည်။ သူ့တွင်ထိန့်ထိန့်လန့်လန့်နှင့်ဖြစ်နေ၏။

"ဘုန်းယံချွန်! ငါ့ဆံပင်ထိရဲထိကြည့်"

ကိုးလ်အသံကျယ်ကြီးဖြင့်အော်လိုက်သည့်အခါမှ ဘုန်းယံချွန်စတာကို ရပ်လိုက်သည်။ ဆံပင်ညှပ်မည်ကို ကြောက်လန့်နေသော ကိုးလ်အားကြည့်၍ မြူဇံတဟားဟားဖြင့်ရယ်လေသည်။ ထိုအခါမှ ကိုးလ်လည်းမိမိဆံပင်များကို စုချည်ထား၍ သက်ပြင်းချလိုက်တော့၏။

___________________________

ယနေ့ မြူဇံသည် မိုကာအားကိုးနှင့် ကိုးလ်ကိုဝှီးချဲဖြင့် ခေါ်ထွက်လာခဲ့သည်။ နဂိုကတည်းက ဆံပင်တုတ်တိုဖြစ်နေသောမြူဇံက ကလေးတစ်ယောက်လို ပျော်နေ၏။

"ဟ..ဖြေးဖြေးတွန်း"

ဝှီးချဲကိုခပ်မြန်မြန်တွန်းနေသည့် မြူဇံကြောင့် ကိုးလ်ခြေမ,များကုတ်မိသည့်အထိ လက်ကိုင်ကိုတင်းတင်းဆုပ်ကိုင်ထားမိသည်။ အနောက်ကပဲ ဖြေးဖြေးချင်းလိုက်လာသော မိုကာကိုကြည့်၍ စိတ်မောရသည်။ မတော်၍ သည်ကောင်လေး ဝှီချဲမနိုင်လျှင် ကိုးလ်တော့ ငါးပါးမှောက်ပြီ။

"ကလေး ဖြေးဖြေးတွန်းပါ"

"မောင်ကလည်းလေ စိတ်အပန်းဖြေလို့ရအောင် အမြန်သွားပေးနေရတာ"

"နေ...နေ စိတ်အပန်းဖြေရဖို့နေနေသာသာ မင့်လုပ်လို့ငါ့စိတ်ပိုပင်ပန်းရတယ်။ ကလေးက ကလေးလိုနေ၊ မိုကာ!"

"Yes, Boss!"

"လာတွန်းပေးပါဦး ဒီကလေးကိုဆက်တွန်းခိုင်းရင် ငါခြေကျိုးလက်ကျိုးဖြစ်ကုန်မယ်"

မြူဇံ့အား ပထုတ်၍ မိုကာအမြန်လာတွန်းပေးရသည်။ မြူဇံတွင်တော့ နှာခေါင်းရှူံ့၍ ဆူပုတ်ပုတ်ဖြင့် အရှေ့ကသွားတော့၏။ အပန်းဖြေကစားကွင်းသွားသည့် လမ်းတစ်လျှောက်လုံး အဝါရောင်နေကြာပန်းရိုင်းများက နေရာယူထားသည်။ ဘေးတွင်အစွမ်းကုန်ဖူးပွင့်နေကြသည့် ပန်းဝါဝါလေးများကို လက်ထဲတွင်အပြည့်ခူးထည့်၍ ပြုံးနေသော ကောင်လေးတစ်ယောက်။

သူလည်းပန်းရိုင်းများနှစ်သက်သော လူတစ်ယောက်ဖြစ်သည့်အတွက် ထိုကလေးကိုမတားတော့ချေ။ သည်လိုစိတ်ချမ်းသာနေသည့် ကလေးအားကြည့်၍ စိတ်ချမ်းသာမှုတွေက အတိုင်းထက်အလွန်ပင် ဖြစ်မိသည်။ မြူဇံက၁၈နှစ်သာရှိသေးသည်။ သူကတော့ ၂၆ပြည့်ခဲ့ပြီမဟုတ်ပါလား။

[ကိုးလျ]ကိုးလ် [Complete] Where stories live. Discover now