CHAPTER 290 (Part1)

Começar do início
                                    

ထုံယွယ်ရွှီသည်လည်း ထိုအခြင်းအရာအား သတိပြုမိလိုက်သောကြောင့် ယူရှောင်မိုအား စိုးရိမ်တကြီး လှမ်းကြည့်လာသည် ။

" သူတို့မင်းကိုဖြုတ်ချဖို့ အချင်းချင်းပူးပေါင်းနေကြပြီ မင်းမှာအစီအစဉ်ရှိလား "

ယူရှောင်မို ချက်ချင်းပြန်ဖြေလိုက်သည် ။

" လောလောဆယ်တော့ မရှိဘူး "


ထိုစကားကြောင့် ထုံယွယ်ရွှီ အနည်းငယ် တိတ်ဆိတ်သွားပြီးမှ ပြန်ဖြေလာသည် ။

" ... ငါတို့အရင်ဝင်တိုက်ပြီး လက်ဦးမှုယူလိုက်ရင်ကောင်းမယ်ထင်တယ် "

ယူရှောင်မို အံအားသင့်သွားသည် ။

" အသာစီးရအောင် အရင်စတိုက်ရမှာလား "

" ထျန်းဇီရှင်းက အဆင့်မြင့်ကျမ်းတွေ လေ့ကျင့်ထားတယ်ဆိုပေမယ့် မင်းတို့ထဲမှာသူ့အဆင့်ကအနိမ့်ဆုံးပဲလေ အဲ့ဒါကြောင့်သူ့ကိုစပြီးတိုက်ရင်ရနိုင်တယ် "

ယူရှောင်မို မျက်လုံးများ ပင့်တက်သွားသည် ။

" အစ်ကိုပြောတာ ချောင်းတိုက်ဖို့လား "

" မှန်တယ်.. သူကအခု အခြားသူတွေကိုတိုက်ခိုက်နေတာဆိုတော့ ဝိဥာဉ်စွမ်းအားတချို့ အသုံးပြုထားပြီးလောက်ပြီ.. ငါတို့ချောင်းတိုက်ရင် အောင်မြင်နိုင်ခြေ ရှစ်ဆယ်ရာခိုင်နှုန်း ရှိတယ် "

ရုတ်တရက် ယူရှောင်မို ခေါင်းယမ်းလိုက်သည် ။

" မဖြစ်သေးဘူး ထျန်းဇီရှင်းမှာသူ့ဝိဥာဉ်စွမ်းအားကိုပြန်ဖြည့်ဖို့ ပစ္စည်းတစ်ခုခုရှိနေလောက်တယ် "

ထုံယွယ်ရွှီ အနည်းငယ်တုံ့ဆိုင်းသွားသည်၊ သို့သော် ယူရှောင်မို ထိုကိစ္စအား မည်သို့သိသည်ကိုတော့ ပြန်မမေးပါချေ၊ ခေတ္တမျှ တွေးတောနေပြီးနောက်..

" ချိုင်ကျန်းနားမှာ ကျုံးကျင်းရှန်နဲ့ တခြားကူညီမယ့်သူတွေရှိနေတော့ သူ့ကိုချောင်းတိုက်မယ်ဆိုရင် အောင်မြင်နိုင်ချေနည်းမှာပဲ ဒီလိုသာဆို ငါတို့တခြားသူတွေနဲ့ မဟာမိတ်ဖွဲ့ဖို့ မရရအောင် ကြိုးစားရတော့မယ် "


The Legendary Master's Wife (Myanmar Translation)Onde histórias criam vida. Descubra agora