🍩26🍩 { Z & U }

300 27 0
                                    

ယွီပင်း - ဂျီလီ ဒီနေ့ ပတ်တီးဖြည်ရမဲ့နေ့မလား။

ဂျီလီ - အင်း ခင်ဗျား မလာချင် မလာနဲ့ ရတယ်။ လုဖုန်း နဲ့ပဲ သွားလိုက်မယ်။

လွယ်အိတ် လွယ်ဖို့ ပြင်နေတဲ့ ယွီပင်း, ဂျီလီ စကားကြောင့် မျက်မှောင်ကြုတ်ကာ လွယ်အိတ်ကို ထိုင်ခုံပေါ် ပြန်တင်ကာ

ယွီပင်း - မသိလို့ မေးမယ်။ လုဖုန်း က မင်းယောကျာ်း လား၊ ငါက မင်းယောကျာ်း လား

ဂျီလီ - ပြောလို့ရတာ မဟုတ်ဘူး။ ခင်ဗျား နဲ့ ကွာရှင်းပြီးရင် လုဖုန်းကို လက်ထပ်ချင် လက်ထပ်မှာ

ယွီပင်း - ဘာ!!!ကွာရှင်းမယ်။ ကျိုးဂျီလီ!

ဂျီလီ - မချစ်မနှစ်သက်သော သူနဲ့ နေရတာ ခင်ဗျားပင်ပန်းတယ်မလား။ ကျွန်တော်လည်း ခင်ဗျားကို ချစ်ရတာ ပင်ပန်းနေပြီ။ ကျွန်တော် ဘက်က အသာတကြည် ကွာရှင်းပေးပါမယ်။

ယွီပင်း - ဒီရက်ပိုင်း အတွင်း ငါ ဂရုစိုက်ပေးမှုတွေက မလုံလောက်လို့လား ဟမ်!

ဂျီလီ - ကျွန်တော် အခုလိုဖြစ်ရတာ ခင်ဗျားကြောင့် ဆိုသော အတွေး ကို ခင်ဗျား တွေးနေတယ်။ ခင်ဗျား အပြစ်မကင်းလို့ အခုလို ဂရုစိုက်နေတာလေ။ ခင်ဗျား ရင်ထဲက တကယ့်စေတနာ အစ်အမှန် ပါလို့ ဂရုစိုက်တာလား။ တာဝန်မကင်းလို့ ဂရုစိုက်တာ လား သေချာ စဉ်းစားကြည့်ပါအုံး။

ကျဆင်းလာတဲ့ ပါးပြင်ပေါ်က မျက်ရည်တွေကို သုတ်လိုက်ပြီး တစ်ဖက်ကို မျက်နှာလွှဲကာ

ဂျီလီ - ကျူတိုရီရယ် ရှိတယ်မလား။ နောက်ကျနေမယ်။ ကျောင်းသွားမှာဖြင့် သွားတော့။

ယွီပင်း - ညနေ ကျောင်းဆင်းတာနဲ့ ပြန်လာမယ်။ ကိုယ့်ကို စောင့်နေ! လုဖုန်း နဲ့ သွားဖို့ မစဉ်းစားနဲ့။

ယွီပင်း လွယ်အိတ်လွယ်ကာ အခန်းထဲမှ ထွက်လာလိုက်သည်။ ဂျီလီ လည်း တစ်ရေးတစ်မော အိပ်လိုက်သည်။
%
%
%
ရီပေါ် - ကျိုးချန် နေကောင်းသွားပြီပေါ့

ကျိုးချန် - နေကောင်းသွားပြီ။ မင်းတို့ ကျေးဇူးကြောင့် စာတွေလည်း ငါ လိုက်နိုင်တယ်။

ကျိရန် - ဟိုမှာ ယွီပင်း! ယွီပင်း!!

ကျိရန် က လက်ဝှေ့ရမ်းကာ အော်ခေါ်လိုက်တော့ သူတို့ဆီကို ပြေးလာသော ယွီပင်း

ချစ်ဉီးပုံပြင် - S2 / ချစ်ဦးပုံပြင် - S2 {Z & U} [ Completed]Where stories live. Discover now