🍩16🍩 {Z & U }

288 31 1
                                    

ဝမ်အိမ်တော်ကနေ အဆောင်ကို ပြန်ရောက်တော့ ၉ နာရီခွဲနေပြီ။

ကျိုးချန် - ကော ကားဖြည်းဖြည်းမောင်းနော်။ ကျဲ တာ့တာ

ယွင်အာ - တာ့တာ!

ချန်ရီ - ကျိုးကျိုး ဆေးသောက်ဖို့ မမေ့နဲ့ဉီးနော်။ ဟိုက်ခွမ်း

ဟိုက်ခွမ်း - ဟုတ်ကဲ့ကော

ချန်ရီ - ကျိုးကျိုး ကို ဆေးအချိန်မှန် တိုက်ပေးနော်။

ဟိုက်ခွမ်း - စိတ်ချ ကော

ချန်ရီ - ကဲ ကော တို့ပြန်ပြီ

ထွက်သွားသော ကားလေး မြင်ကွင်းထဲက ပျောက်သွားမှ

ဟိုက်ခွမ်း - အပြင်မှာ အေးတယ် အထဲ ၀င်ကြစို့

ကျိုးချန် - ဟုတ်ကဲ့

နှစ်ယောက်သား လက်တွဲကာ ပျော်ပျော်ရွှင်ရွှင် နဲ့ အဆောင်ပေါ်တတ်လာကြသည်။
%
%
%
ယွင်အာ - အစ်ကို

ချန်ရီ - အင်း

ယွင်အာ - ဟိုက်ခွမ်း က

ချန်ရီ - လျှိုအိမ်တော်က သားဆိုတာလား။ ကိုယ် သိတယ်။ ကျိုးကျိုးလေး ပြောကတည်းက ကိုယ် သူ့အကြောင်းစုံစမ်းထားပြီးသား။

ယွင်အာ - အော်

ချန်ရီ - ဒါနဲ့ ဘယ်ချိန်ကျမှ အဲ့အိမ်ကို သွားတာ ရပ်မှာလဲ။

ယွင်အာ - နောက် ၃ရက်ပြီးရင် သွားစရာ မလိုတော့ဘူးး။

ချန်ရီ - အင်း

ယွင်အာ - ရှေ့က Mini Mark မှာ ခန ရပ်ပေးပါလား။ ယွင်အာ အသုံးအဆောင် တစ်ချို့ ၀ယ်ချင်လို့။

ချန်ရီ - အင်း

ညီဖြစ်သူနဲ့ တွေ့ရရင် အစ်ကို ရဲ့ အပြုံးတွေက အရမ်းကို တောက်ပတယ်။ ယွင်အာ နဲ့ ပတ်သက်ရင်တော့ အစ်ကို က တစ်ခါမှ မပြုံးဘူး။ မျက်နှာတည်ကြီး နဲ့ဘဲ။ ယွင်အာ တစ်ခွန်းဆို သူက အင်း တစ်လုံးဘဲ။ စိတ်မဆိုးရက်ပါဘူး။ ယွင်အာ က အစ်ကို့ ကို ချစ်နေသူမို့!

ယွင်အာ - ဟို ကားထဲကနေ စောင့်နေလေ

ချန်ရီ - ၀ယ်စရာရှိတာ ၀ယ်ပါ။ ဒါဝယ်မလို့မလား။

စင်ပေါ်မှာ တင်ထားက အမျိုးသမီးလစဉ်သုံး ပစ္စည်းကို ကိုင်ကာ မေးလာသော အစ်ကို့ကြောင့် ယွင်အာ မျက်နှာလေး ရဲတတ်သွားသည်။

ချစ်ဉီးပုံပြင် - S2 / ချစ်ဦးပုံပြင် - S2 {Z & U} [ Completed]Where stories live. Discover now