🍩14🍩 { Z & U }

364 34 3
                                    

အခန်းတွင်းမှ ကိုကို နဲ့ တီလေး ထွက်သွားတော့ လေထုက ပူလာတာလား။ ကျွန်တော်ပဲ ရှက်ပြီး အသားတွေ ပူထူလာတာလား မသိ!!

ဟိုက်ခွမ်း - ကျိုးချန်

ကျိုးချန် - ဘာလဲ။ ဘာလာလုပ်တာလဲ။

ဟိုက်ခွမ်း - ကိုယ် ယွီပင်း ပြောပြလို့ အကုန်သိပြီးပြီ။ အဲ့တာကို အခုထိ ဟန်ဆောင်နေအုံးမလို့လား။

ကျိုးချန် - အဲ့ မိချောင်းသားကတော့။

ဟိုက်ခွမ်း - အမှန်တော့ ရှောင်းကျန့် က ချစ်မ၀လေး မဟုတ်ဘူး။ မင်းလေး သ၀န်တိုပြီး ချစ်မ၀လေးဆိုတာ ၀န်ခံလာဖို့ ကိုယ်တို့ ဇာတ်တိုက်ထားရတာ။

ကျိုးချန် - အဲ့တော့

ဟိုက်ခွမ်း - အဲ့တော့!! ဟား ချစ်လိုက်တာ ကျိုးချန်ရာ

ကျိုးချန် - ဘာဆိုင်လို့လဲ။

ဟိုက်ခွမ်း - အခု ကိုယ် အားလုံးသိသွားတာကိုတောင် ဟန်ဆောင်အုံးမလို့လား။

ကျိုးချန် - ကျွန်တော် ခွဲစိတ်မှု မအောင်မြင်ရင် ဘယ်လိုလုပ်မလဲ။

ဟိုက်ခွမ်း - ရှူး!! ကိုယ်ပြောမယ် ကိုယ်ဆီကို ကျန်းကျန်းမာမာ နဲ့ ပြန်လာခဲ့ပေး။ အချိန်ဘယ်လောက်ကြာကြာ ကိုယ်စောင့်နေမယ်။

ကျိုးချန်  - ဒါပေမယ့် အောင်မြင်နိုင်ခြေ

ဟိုက်ခွမ်း - အားချန် ကို မျှော်နေသူ ကိုယ်တစ်ယောက်လုံး ရှိနေတယ် ဆိုတာ သတိရရင် ကိုယ်ဆီရောက်အောင် ဆက်ဆက်ပြန်လာခဲ့။ ကိုယ့် ကို ချစ်တယ်ဆိုရင်။ ကိုယ် နဲ့ မခွဲနိုင်ဘူး ဆိုရင်။  ကိုယ်ဆီ ဆက်ဆက်ပြန်လာခဲ့။

ကျိုးချန် - အဟင့် ဉီး!!

ရင်ခွင်ထဲ တိုးဝင်ကာ ငိုနေသူလေးကို ကျောလေးကို ပုတ်ပေးကာ ဆံနွယ်လေးတွေကို ခပ်ဖွဖွလေး နမ်းရှိုက်လိုက်သည်။

ဟိုက်ခွမ်း - ချစ်တယ်။ အရမ်းချစ်တယ်။

ကျိုးချန် - ကျွန်တော် ပြန်လာမှ အဖြေပြန်ပေးပါရစေ။

ဟိုက်ခွမ်း - မပြောလည်း မင်းလေး ကိုယ့်ကို ချစ်နေတယ်ဆိုတာ ကိုယ်သိပါတယ်။

ချစ်ဉီးပုံပြင် - S2 / ချစ်ဦးပုံပြင် - S2 {Z & U} [ Completed]Unde poveștirile trăiesc. Descoperă acum