🍩2🍩 { Z & U }

566 60 8
                                    

ကွမ်ကျိုးမြို့ရဲ့ ချမ်းအေးလွန်းတဲ့ မနက်ခင်းဝယ် အရောင်အသွေးစုံလင်စွာ ကူးလူးသွားလာနေကြတဲ့ လူအုပ်ကြီးထဲ ကျောင်းသားကျောင်းသူတွေ ပါသလို၊ အလုပ်ကို အပြေးအလွှား သွားနေကြတဲ့ လူတွေ လည်း ပါသည်။ ထိုထဲမှ ကောင်လေး နှစ်ယောက်သည်လည်း ကျောင်းနောက်ကျမည်ဆိုး သောကြောင့် အပြေးအလွှား သွားနေရသည်။

ဘုတ်! အင့်

နှစ်ယောက်လုံး လက်ထဲ က စာအုပ်တွေရော ကျောင်းသားကဒ်ပါ ပြုတ်ကျကုန်သည်။

- တောင်းပန်ပါတယ် ကိုယ် မမြင်လိုက်လို့။

- ရပါတယ် ကျွန်တော် လည်း အလျင်လိုနေလို့။ ခွင့်ပြုပါအုံးဗျ

စာအုပ်တွေ အမြန် ကောက်ပြီး ကိုယ်လမ်းကို သွားရင်း ၅လှမ်းလောက် လှမ်းပြီးမှ လက်ထဲက ကျောင်းသားကဒ် ကို တစ်ချက် ငုံ့ကြည့်တော့ မိမိရဲ့ ကျောင်းသားကဒ် မဟုတ်။ ကျောင်းသားကဒ် က အမည်ကို ကြည့်လိုက်တော့

- လျှိုဟိုက်ခွမ်း/ ၀မ်ကျိုးချန်

နှစ်ယောက်သား အနောက်ကို အလျင်အမြန် လှည့်ကြည့်လိုက်ပြီး ကျောင်းသားကတ် ထောင်ပြတာ တစ်ယောက်နဲ့ တစ်ယောက် ပြုံးလိုက်မိသည်။

ချက်ချင်းဆိုသလို ဟိုက်ခွမ်း မျက်နှာကြီး တည်သွားသည်။ အဘယ်ကြောင့်ဆိုသော် ၀မ်ကျိုးချန် ဆိုတဲ့ ကောင်လေးရဲ့ ၀တ်စားပုံကြောင့်။ ဒါကျောင်းမှာ အမည်ကြီး နေတဲ့ ရွာက စကောလားရှစ်နဲ့ ရောက်လာတဲ့ ကျောင်းသား။

- ဟို ကျွန်တော့် ကျောင်းသားကတ်လေး ပြန်ပေးလို့ ရမလား။

- လိုချင်လား။

- အင်း

- လိုချင်ရင် ကျောင်းသားသမဂ္ဂရုံးမှာ လာယူ။ အော် ဒီပုံစံ နဲ့တော့ လာမယူနဲ့နော်။ သပ်သပ်ရပ်ရပ် ၀တ်စားပြီးမှ လာယူ။

ဟိုက်ခွမ်း ပြောပြီး ကျိုးချန် လက်ထဲက သူ့ကျောင်းသားကတ်ကို ယူပြီး ထွက်သွားသည်။ ကျန်ခဲ့သော ကျိုးချန်မှာ

- ဘာလဲဟ ရူးနေတာလား။ နေပါအုံး ငါ့ဝတ်စားပုံက ဘာဖြစ်နေလို့လဲ။ ဘယ်သူ့ကို ထိခိုက်နေလို့လဲ။ အား!

ချစ်ဉီးပုံပြင် - S2 / ချစ်ဦးပုံပြင် - S2 {Z & U} [ Completed]Where stories live. Discover now